ကာလင်း ဖလားတွင် အသင်းဟောင်းကို ပြန်လည်ရင်ဆိုင် အနိုင်ယူမည်ဟု တီဗက်စ် ပြောကြား

alt

မန်ချက်စတာ စီးတီး တိုက်စစ်မှူး ကားလို့တီဗက်စ် က အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် ကို ကားလင်းဖလား ဆီမီးဖိုင်နယ်တွင် အနိုင် ယူမည် ဖြစ်ကြောင်း ကြံုးဝါးလိုက်သည်။

အသက် (၂၅)နှစ်ရှိ အာဂျင်တီးနား လက်ရွေးစင်သည် ယခုနှစ် နွေရာသီ ကမှ ယူနိုက်တက်ကို စွန့်ခွာက အခါးသီးဆုံး မြို့ခံ ပြိုင်ဘက်ထံ ပြောင်းရွှေ့ လာသူ ဖြစ်သည်။

၎င်းက စီးတီးသည် အာဆယ်နယ် အား (၃-၀) ဖြင့် ပြတ်ပြတ်သားသား အနိုင်ယူ ခဲ့ပြီးနောက် ကားလင်းဖလားကို ဆွတ်ခူးရန် ယုံကြည်ချက် အပြည့်အဝ ရှိနေပြီ ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

စီးတီးသည် ယခုနှစ်တွင် ကားလင်း ဖလားအား ဆွတ်ခူးရန် ဆန္ဒပြင်းပြ နေသော်လည်း ယူနိုက်တက် နည်းပြကြီး ဆာအဲလက် ဖာဂူဆန် ကမူ ထိုပြိုင်ပွဲကို လူငယ်များ အတွေ့အကြံု ရရှိစေရေး အတွက်သာ ရည်ရွယ် ယှဉ်ပြိုင်စေမည်ဟု ဆိုသည်။

တီဗက်စ် က ၎င်းသည် အကြမ်းတမ်းဆုံး ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ရသည်ကို အလွန် နှစ်သက်ကြောင်း၊ ယူနိုက်တက်သည် အခက်ခဲဆုံး၊ အထူးချွန်ဆုံး ပြိုင်ဘက် ဖြစ်သော်လည်း ယင်းတို့အား အနိုင်ယူနိုင်မည်ဟု မျှော်လင့် ထားကြောင်းလည်း ပြောကြားခဲ့သည်။

စီးတီးအသင်း နည်းပြဖြစ်သူ မတ်ဟုချ် ကလည်း ယခု ဆီမိးဖိုင်နယ်သည် မန်ချက်စတာမြို့ခံ ဘောလုံးပရိသတ် အတွက် စိတ်လှုပ်ရှားစေမည့် ပွဲစဉ်တခု ဖြစ်လာမည်ဟု သုံးသပ် ထားကြသည်။ တီဗက်စ်သည် အာဆယ်နယ် ဘက်သို့ ဦးဆောင်ဂိုးတဂိုး သွင်းယူ ပေးပြီးနောက် ကားလင်းဖလား ပြိုင်ပွဲတွင် ရဂိုး (၃)ဂိုး ရှိနေပြီဖြစ်ပြီး အသင်းဟောင်းဘက်သို့ စီးတီး တိုက်စစ်မှူး အနေနှင့် ပထမဆုံး ဂိုးသွင်းနိုင်ရန် မျှော်လင့်နေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here