စေ့စပ် သတင်းများအား အံဩမိဟု ဘရစ်တနီ ပြောကြား

alt

သူမ အနေနှင့် စေ့စပ်လိုက်ပြီ ဆိုသော သတင်း များအား အံ့ဩမိကြောင်း ဘရစ်တနီ စပီးယား က ပြောကြား လိုက်သည်။ အသက် (၂၈)နှစ်အရွယ် Pop အဆိုတော်က သူမ၏ အက နည်းပြ နှင့် ချစ်သူဖြစ်သော

ဂျေဆင်ထရာဝစ် နှင့် စေ့စပ်ပြီး ဖြစ်ကြောင်း ဟောလီဝုဒ် သတင်း များအား အခြေအမြစ် မရှိဟု ပယ်ချ လိုက်သည်။

သူမရော အသက် (၃၇)နှစ်အရွယ် ဂျေဆင်ပါ အိမ်ထောင်ရေး အတွက် မစဉ်းစား ရသေးဟု ဘရစ်တနီ က ဆိုသည်။ သူမတို့နှစ်ဦး ကြည်ကြည် နူးနူး ညစာ စားနေသည့် မြင်ကွင်းကို လူအများက တွေ့မြင် ရပြီးနောက် ယခုလို သတင်းများ ထွက်လာခဲ့ခြင်း ဖြစ်သည်။

ဘရစ်တနီနှင့် ဂျေဆင် တို့သည် မကြာသေးမီက လမ်းခွဲတော့မည် ဟုလည်း ကောလဟာလများ ထွက်လာ ခဲ့သေးသော်လည်း ဘရစ်တနီက သူမတို့ နှစ်ဦး၏ ဆက်ဆံရေးမှာ နားလည်မှု အပြည့်ရှိနေပြီး လက်ထပ်ရန် အလောတကြီး စီစဉ်သွားမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

Toxic စတား အဆိုတော်သည် ယခင်က အိမ်ထောင် (၂)ဆက်ရှိခဲ့ပြီး ကီဗင်ဖီဒါလိုင်း နှင့် သား(၂)ယောက် ဖွားမြင်ခဲ့ပြီး၊ ဘရစ်တနီသည် ဖီဒါလိုင်း နှင့် ခါးသီးလှသော အိမ်ထောင်ရေးကို အဆုံးသတ် လိုက်ပြီးနောက် ယခုလို အိမ်ထောင် မပြုဘဲ ဆက်နေခဲ့ခြင်း ဖြစ်သည်။

သူမ အနေနှင့် ယခုအခါ ကမာ္ဘလှည့် ဖျော်ဖြေပွဲ Circus အတွက် အာရုံ စိုက်ထားသလို ဂျေဆင် ကလည်း လက်မထပ် ချင်သေးကြောင်း ဘရစ်တနီက ထုတ်ဖော် ပြောဆိုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here