ဂီနီနိုင်ငံ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး လုပ်ကြံခံရသဖြင့် ဒဏ်ရာရ

alt

ဂီနီနိုင်ငံ၏ စစ်အာဏာရှင် ဗိုလ်ကြီး မူဆာဒါဒစ် ကာမာရာ သည် လုပ်ကြံမှု တခုအတွင်း ဒဏ်ရာ ရသွားခဲ့သည့်တိုင် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေကို အောင်မြင်စွာ ကျော်လွန်ခဲ့ပြီ ဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် သီတင်းပါတ်က လုပ်ကြံခံရသော စစ်အာဏာရှင်သည် ဦးခေါင်းတွင် ဒဏ်ရာ ရခဲ့သဖြင့် မော်ရိုကိုသို့ သွားရောက် ကုသမှု ခံခဲ့ရပြီးနောက် ယခုအခါ သက်သာလာပြီ ဖြစ်သည်။

၎င်း၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် အီဒရစ်ဆစ်ချာရစ်က မော်ရိုကို ခွဲစိတ် အထူးကုများက ခေါင်းဆောင်ကြီး အတွက် စိုးရိမ်စရာ မရှိတော့ဟု ပြောကြားခဲ့ကြောင်း အတည်ပြုခဲ့သည်။

ကာမာရာသည် ဒီဇင်ဘာ (၃)ရက်နေ့က ၎င်း၏ စစ်တပ်ကို ထောက်ပံ့ ပေးနေသည့် အဘူဘာကာ ဒီကိုင်တီ၏ ပစ်ခတ်မှုကို ခံခဲ့ရခြင်းဖြစ်ပြီး မော်ရိုကိုနိုင်ငံ၊ ရာဘတ်မြို့ရှိ စစ်ဆေးရုံသို့ အရေးပေါ် တက်ရောက် ကုသခဲ့ရသည်။ လုပ်ကြံမှု ဖြစ်ပွားပြီးနောက် ဂီနီနိုင်ငံတွင် လုံခြံုရေးကို အမြင့်ဆုံး တပ်လှန့်ထားကြောင်း သိရှိရသည်။

ဂီနီသည် အာဖရိကတိုက် အနောက်ပိုင်းတွင် တည်ရှိပြီး (၂၀၀၈)ခုနှစ်၊ ဒီဇင်ဘာလက နိုင်ငံ၏ ကာလရှည်ကြာ သမ္မတကြီး လာဆနာကွန်တီ ကွယ်လွန်ပြီးနောက် ကာမာရာက အာဏာသိမ်းယူခဲ့ပြီး နိုင်ငံရေး အခြေအနေ ဆိုးရွားလာခဲ့သည့် နိုင်ငံလည်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here