မြန်မာအသင်း စင်္ကာပူကိုရှုံး၍ ဆီမီးဖိုင်နယ် တက်ရေး အနာဂါတ် မှေးမှိန်သွား

alt

လာအိုနိုင်ငံ ဗီယန်ကျန်းတွင် ကျင်းပ နေသော ၂၅ကြိမ်မြောက် SEA Games ဘော်လုံးပွဲစဉ်ကို ယမန်နေ့ နေ့လည် ပိုင်းတွင် ယှဉ်ပြိုင် ကစားခဲ့ ကြရာ မြန်မာ အမျိုးသား ယူ-၂၃ အသင်းနှင့် စင်္ကာပူ ယူ-၂၃ အသင်းတို့

ပွဲစဉ်တွင် ၂၀၀ရ ခုနှစ် SEA Games ငွေတံဆိပ် ဆုရှင် မြန်မာအသင်း အနေဖြင့် ၂ဂိုး ၁ဂိုးဖြင့် ရှုံးပွဲနှင့် ကြံုတွေ့ ရသဖြင့် ဆီးမီးဖိုင်နယ် မျှော်လင့်ချက် မှုန်ဝါးသွားခဲ့ပြီ ဖြစ်သည်။

မြန်မာ အသင်းသည် ပထမပွဲစဉ် ဖြစ်သော အိမ်ရှင်လာအိုနှင့် သရေကျခဲ့သည့် ပွဲစဉ်မှ အမာခံ ကစားသမား ၁၁ယောက်အား အပြောင်းအလဲ ပြုလုပ်ပြီး ကစားခဲ့ကာ ပထမပိုင်းတွင် စင်္ကာပူ အသင်း၏ ၂ဂိုးသွင်းမှုကို ခံခဲ့ရသည်။

အနိုင်ဂိုး ၂ဂိုးစလုံးမှာ ထောင့်ကန်ဘောများမှ ရရှိသော ရရှိသွားခြင်း ဖြစ်သည်၊ ပထမပိုင်းတွင် ၂ဂိုးပြတ် ရှုံးနိမ့်နေခဲ့သည့် မြန်မာအသင်းသည် ဒုတိယပိုင်းတွင် ဆက်တိုက် ဖိကစားခဲ့ပြီး ချေပဂိုးရရှိရေး ကြိုးပမ်းခဲ့ပြီး၊ ၈၂မိနစ်တွင် လူစားဝင်လာသော တိုက်စစ်မှူး စိုးမင်းဦးက ပြန်လည်ချေပဂိုး သွင်းယူခဲ့သော်လည်း အချိန်ပိုတွင် ထပ်မံသွင်းယူနိုင်ခြင်း မရှိသဖြင့် ၂ဂိုး ၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။

မြန်မာသည် အုပ်စု၏ တတိယနေရာတွင် ရှိနေသော်လည်း အုပ်စုတူ အိမ်ရှင် လာအိုအသင်းမှာ အင်ဒိုနီးရှားအား ၂ဂိုး အပြတ်နှင့် နိုင်ပြီး အထူးပင် ခြေစွာလျှက် ရှိနေခဲ့သည်။ မြန်မာ အသင်းသည် လာမည့် ဒီဇင်ဘာ ၁၀ရက်နေ့တွင် နောက်ဆုံး လက်ကျန်ပွဲစဉ်အား အင်ဒိုနီးရှား အသင်းနှင့် ဆက်လက် ကစားရမည် ဖြစ်သော်လည်း၊ နောက်ပွဲစဉ်တွင် စင်္ကာပူ အသင်းမှာ လာအို အသင်းအား သရေ ကစားယုံမျှဖြင့် မြန်မာနှင့် အင်ဒိုနီးရှားမှာ ပြိုင်ပွဲမှထွက်ခွာ သွားရမည် ဖြစ်သည်။

မြန်မာအသင်းနှင့် ခက်ခက်ခဲခဲ ကစားခဲ့ရသော ပွဲတွင် ပေါ်ပြူလာ ဖြစ်သွားသူမှာ စင်္ကာပူဂိုးသမား ဟာရူနီဇမ်း ဂျမ်မား ပင် ဖြစ်သည်။ မြန်မာဘော်လုံး ပရိသတ်ကမူ အတွေ့ကြံု ရှိသော လူကောင်းများအား ချန်လှပ်ထား၍ လူမမှတ်မိပဲ စမ်းသပ် ကစားနေသော မြန်မာအသင်း နည်းပြ ခရိုအေးရှား လူမျိုး ဒရာဂိုမက်မစ် အား ကောင်းချီး ပေးနေကြသည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here