ပင်မလာ အန်ဒါဆင် သီချင်းဆိုရန် ပြင်ဆင်နေ

alt

ပင်မလာ အန်ဒါဆင် တယောက် ဂီတဘက် ခြေဦးလှည့်ရန် ပြင်ဆင် နေပြီဟု သိရှိရသည်။ နာမည်ကျော် Baywatch မင်းသမီးဟောင်းသည် High ဟု အမည်ရသည့် Pop သီချင်း တပုဒ်ကို သီဆိုပြီး အသံသွင်း

ထုတ်လွှင့်ရန် စီစဉ် နေသည်ဟု ရစ်ချီရစ် က နယူးယောက်ပို့စ် သတင်းစာအား ပြောကြားလိုက်သည်။

သူမ၏ သူငယ်ချင်းဖြစ်သူ ရစ်ချီရစ်က ပင်မလာနှင့် အတူ Pop သီချင်း အယ်ဘမ်တခု ထုတ်ဝေရန် စိတ်ကူး ထားကြောင်း၊ ပင်မလာသည် သီချင်း ဆိုရန် စိတ်အား ထက်သန်နေကြောင်း ၀န်ခံခဲ့ပြီး နောက် ယခု ကိစ္စကို အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်ကြောင်း၊ သူမသည် ပါရမီ ကောင်းသူ တဦးဖြစ်၍ High သီချင်းကို ခက်ခက်ခဲခဲ မရှိဘဲ သီဆိုနိုင်သည်က သက်သေ ခံနေကြောင်း New York Post နှင့် အင်တာဗျူးတွင် ပြောကြား လိုက်သည်။

ထို့အပြင် ရစ်ချီက ၎င်းသည် ပင်မလာနှင့်အတူ အဝတ်အထည် ထုတ်လုပ်ရေး လုပ်ငန်းတခု ကိုလည်း အကောင်အထည် ဖော်ရန် စီစဉ်ထားကြောင်း ဆက်လက် ပြောကြားခဲ့သည်။

ပင်မလာသည် နယူးယောက် မြို့တော်တွင် ဖေဖော်ဝါရီလ အတွင်း ပြုလုပ်မည့် ဖက်ရှင် သီတင်းပါတ်တွင် ပါ၀င်ဆင်နွှဲရန် ပြင်ဆင်နေသည်ဟု သိရှိရသည်။

အသက် (၄၂)နှစ် အရွယ်ရှိ ပင်မလာသည် နယူး ဝင်ဘယ်ဒန်တွင် Aladdin အမည်ရှိ ပြဇာတ်ကိုလည်း ၀င်ရောက် ကပြရန် သဘောတူညီ ထားပြီး ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here