အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့များ ထပ်မံ ဖြည့်တင်းမည်

alt

အမေရိကန် သမ္မတ ဘာရက် အိုဘားမား ၏ ပန်ကြားမှုကို လက်ခံ သောအားဖြင့် NATO အဖွဲ့ဝင် နိုင်ငံများသည် စစ်သည် ရ၀၀၀ ထပ်မံ ဖြည့်ဆည်းပေးရန် သဘောတူညီ လိုက်သည်။

အာဖဂန်တွင် တပ်များအား ဖြည့်ရန် ပြီးခဲ့သည့် သီတင်းပါတ်က တရားဝင် အမိန့်ထုတ် လိုက်သော အိုဘားမား သည် NATO နိုင်ငံများကိုလည်း စစ်သည် အင်အားတိုးမြှင့် ဖြည့်ဆည်း ပေးရန် တောင်းဆိုခဲ့ရာ ယခုအခါ အနည်းဆုံး (၂၅) နိုင်ငံက စစ်သားများ ဖြည့်တင်း ပေးသွားရန် လက်ခံလိုက်ပြီ ဖြစ်သည်။

အိုဘားမားအား ကူညီရန် ဗြိတိန်၊ အီတလီ၊ ဆလိုဗက်ကီးယား နှင့် ပိုလန် တို့က လက်ခံ ထားကြသော်လည်း နိုင်ငံကြီး နှစ်ခုဖြစ်သည့် ပြင်သစ်နှင့် ဂျာမနီ တို့ကမူ တိတိကျကျ သဘောတူညီမှု မရှိသေးပေ။

အာဖဂန်တွင် အမေရိကန် တပ်သားများ မဟုတ်သည့် နိုင်ငံတကာ တပ်ဖွဲ့ဝင်အင်အား (၄၀၀၀၀) ကျော်ရှိနေပြီး ယခုထပ်မံ အားဖြည့်မည့် စစ်သည်(၇၀၀၀) ကို လာမည့်နှစ် အတွင်း ပေးပို့သွားမည် ဖြစ်သည်။ ဘရပ်ဆဲလ်တွင် ကျင်းပသည့် NATO အဖွဲ့ နိုင်ငံတကာ ၀န်ကြီးများ ညီလာခံက ယခုစစ်သည် အရေအတွက်ကို အတည်ပြု ကြေညာခဲ့ပြီး ယင်းတို့အနက် (၂၅၀၀) သည် အာဖဂန်နှင့် အနီးတဝိုက် အလယ်ပိုင်းအာရှ နိုင်ငံများတွင် ယခင် ကတည်းက ရောက်ရှိ တပ်စွဲထားပြီး ဖြစ်သည်။

အာဖဂန်သို့ စစ်သည် (၉၀၀၀) ပေးပို့ထားသည့် ဗြိတိန်က နောက်ထပ်(၅၀၀) ဖြည့်တင်းပေးရန် ကတိပြုခဲ့ပြီး အီတလီ၊ ဆလိုဗက်ကီးယား နှင့် ပိုလန်တို့ကလည်း တပ်ဖွဲ့ဝင်အင်အား ထပ်ဖြည့်ပေးရန် အသီးသီး သဘောတူခဲ့ကြသည်။ ပြင်သစ်နှင့် ဂျာမနီတို့အား အမေရိကန်က စစ်သည် ထောင်ဂဏန်းစီမျှ ထပ်မံဖြည့်တင်း ပေးရန် တောင်းခံထားသော်လည်း ယင်းနိုင်ငံကြီး များက ယခုတိုင် ပြန်ကြားမှု မရှိသေးကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here