ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်တွင် ကျောက်မျက် ရတနာပြပွဲ ပြုလုပ်မည်

alt

မြန်မာ နိုင်ငံ၏ အကျော်ကြားဆုံး ဟိုတယ်တခု ဖြစ်သည့် ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်သည် လာရောက် တည်းခိုသူ များအား ပိုမို ဆွဲဆောင် နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျောက်မျက် ရတနာ ပြပွဲတခုကို ကျင်းပပြုလုပ်

သွားရန် စီစဉ်ထားကြောင်း သိရှိ ရသည်။

ကန်တော်ကြီး ဟိုတယ်၏ အဆိုအရ ပြပွဲနှင့်အတူ တနှစ်ပတ်လုံး ဖွင့်လှစ်ထားမည့် ပြခန်းတခုကိုပါ ဖွင့်လှစ်မည် ဖြစ်ပြီး မြန်မာ့ နာမည်ကျော် တွင်းထွက် ရတနာများကို ခင်းကျင်း ပြသသွားရန် စီစဉ်ထားကြောင်း သိရှိရသည်။

ပြပွဲအတွက် အခန်း(၆၀)ကို စီစဉ်ထားပြီး (၂၀၁၀) ပြည့်နှစ် အစောပိုင်းတွင် ဖွင့်လှစ် သွားနိုင်ရန် မျှော်လင့်ထားသည်။ ပြခန်း ဖွင့်လှစ်ခြင်းနှင့် အတူ ကျောက်မျက်ရတနာနှင့် သက်ဆိုင်သည့် ကျွမ်းကျင် သင်တန်းများလည်း ကန်တော်ကြီး ဟိုတယ်တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသည် ကျောက်မျက်ရတနာ ပြပွဲများကို ၁၉၆၄ မှစကာ နှစ်စဉ် ကျင်းပခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် နှစ်လယ်ပြပွဲ ကိုပါ ထည့်သွင်း ကျင်းပ လာခဲ့သည်။ (၂၀၀၄) ခုနှစ်တွင်မူ အထူးပွဲတခုကိုပါ စီစဉ် ကျင်းပခဲ့သည်။ ပြပွဲများကို အစဉ်သဖြင့် ရန်ကုန်မြို့ ကျောက်မျက် ရတနာပြတိုက်နှင့် မြန်မာ Convention စင်တာ တို့တွင်သာ ပြုလုပ်ခဲ့သည်။

ထိုပြပွဲများတွင် မြန်မာနိုင်ငံ၏ အဖိုးတန် ထွက်ကုန်များ ဖြစ်သည့် ပုလဲ၊ ပတ္တမြား၊ ကျောက်စိမ်း နှင့် အခြားသော ကျောက်မျက် ရတနာများကို ပြသ ရောင်းချလေ့ရှိပြီး နှစ်စဉ် နိုင်ငံခြားဝင်ငွေ သန်းပေါင်းများစွာ စစ်အစိုးရအား ရှာဖွေ ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here