၂၀၁၀ ကမာ္ဘ့ဖလားတွင် ဒေးဗစ်ဘက်ခမ်း ပါဝင်နိုင်ရေး မသေချာသေး

alt

ဒေးဗစ် ဘက်ခမ်း က ၎င်းအနေနှင့် (၂၀၁၀) ခုနှစ် ကမာ္ဘ့ဖလား ဘောလုံး ပြိုင်ပွဲတွင် အင်္ဂလန် လက်ရွေးစင် အသင်းအတွက် ကိုယ်စားပြု ပါ၀င်ခွင့် လွဲချော်ဖွယ် ရှိနေကြောင်း ၀န်ခံ လိုက်သည်။

အသက် (၃၅)နှစ် ရှိပြီဖြစ်သည့် အင်္ဂလန် လက်ရွေးစင်သည် နိုင်ငံ အသင်းအတွက် (၁၁၅)ပွဲ ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ဖူးပြီး လက်ရှိအချိန် အထိ အသင်း အတွက် ခြေစွမ်းပြနေသူ ဖြစ်သည်။

သို့သော်လည်း ဘက်ခမ်းက ၎င်း အနေနှင့် ကမာ္ဘ့ဖလား ပါ၀င်ခွင့် ရ / မရသည် နည်းပြကြီး ဖေဘီယို ကာပယ်လို အပေါ် များစွာတည်မှီ နေကြောင်း ညွှန်းဆို ၀န်ခံလိုက်သည်။

အီတလီလူမျိုး နည်းပြကြီးသည် အမေရိကန် ကလပ် လော့စ် အိန်ဂျယ်လိစ် ဂလက်စီ တွင် ကစားနေသည့် ဘက်ခမ်းအား အရံ အဖြစ်သာ အသုံးပြုလျှက် ရှိသည်။ ဘက်ခမ်းသည် ဥရောပအဆင့်တွင် ခြေစွမ်းပြ နိုင်ကြောင်း သက်သေပြ နိုင်ရေးအတွက် လာမည့် ဇန်နဝါရီလတွင် အီတလီထိပ်သီး အေစီမီလန်သို့ အငှား ပြောင်းရွှေ့့မည် ဖြစ်သည့်တိုင် ကာပယ်လို၏ အသင်းတွင် နေရာရရေး မသေချာ သေးပေ။

အထူးသဖြင့် သီအိုဝဲကော့၊ ရှောင်ရိုက်ဖီးလစ် နှင့် အာရွန်လင်နွန် တို့ကဲ့သို့ လူငယ်များ ခြေစွမ်းထက် လာခြင်းကြောင့် ဘက်ခမ်း၏ အလယ်တန်း ညာတောင်ပံလူ နေရာအတွက် အပြိုင်အဆိုင် ကြီးမား လာခဲ့ရသည်။

မိမိအနေနှင့် အင်္ဂလန်အတွက် ကိုယ်စားပြု ခွင့်ရရန် မျှော်လင့် ထားကြောင်း၊ သို့သော်လည်း နည်းပြ ကာပယ်လို အနေနှင့် မည်သို့ ဆုံးဖြတ်မည်ကို မသိနိုင်သေးကြောင်း၊ အေစီမီလန်သို့ ပြောင်းကစားခြင်းသည် အင်္ဂလန် လက်ရွေးစင် နေရာတွင် အရွေးချယ်ခံရေး အာမခံနိုင်မည် မဟုတ်ကြောင်း ဘက်ခမ်းက ပြောကြားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here