ဖိလစ်ပိုင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ အတွက် ဖမ်းဆီးမှုများ ပြုလုပ်လျှက် ရှိသေး

alt

ရွေးကောက်ပွဲ ၀င်မည့် သမ္မတလောင်း တဦးအား ထောက်ခံသူများကို အစုလိုက် အပြံုလိုက် သတ်ဖြတ်မှု ပေါ်ပေါက်ခဲ့ရာ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း တွင် ယခုအခါ စစ်ဥပဒေ ထုတ်ပြန် ထားလိုက်သလို ဖိလစ်ပိုင် စစ်သည်

များသည် ဖမ်းဆီးမှုများ ပြုလုပ်လျှက် ရှိနေကြောင်း သိရှိရသည်။

ဒီဇင်ဘာ (၆)ရက် နေ့တွင် မာဂွင်ဒါနာအို ခရိုင်အတွင်းမှ လူ(၆၂)ဦးကို စစ်သားများက ဖမ်းဆီးခဲ့သည်။ ယင်းဒေသသည် နိုဝင်ဘာ (၂၉)ရက်နေ့ အစုလိုက် အပြံုလိုက် သတ်ဖြတ်မှု အတွက် တာဝန်ရှိသည်ဟု အစိုးရက စွပ်စွဲခဲ့သည့် ဒါတူအန်ဆေး မြို့တော်ဝန် အန်ဒယ် အမ်ပါတူအန် ဂျူနီယာ ၏ အမ်ပါတူအန် ပါတီ အခြေစိုက်ရာ ဒေသဖြစ်သည်။

ပြီးခဲ့သည့်လ သတ်ဖြတ်မှုအတွင်း သတင်းထောက် (၃၀)ကျော် အပါအဝင် လူ(၅၇)ဦး သေဆုံးခဲ့ပြီး ၎င်းတို့သည် အမ်ပါတူအန်၏ နိုင်ငံရေးပြိုင်ဘက် ရွေးကောက်ပွဲဝင် ပုဂ္ဂိုလ်တဦးအား ထောက်ခံသူများ ဖြစ်ကြသည်။ အမ်ပါတူအန် ဘက်ကမူ စွပ်စွဲချက် များအား ငြင်းဆန် ထားကြသည်။

နိုင်ငံရေး အခြေအနေ ဆိုးရွားလာသည်ကို သုံးသပ်ခဲ့ပြီးနောက် သမ္မတ ဂလိုရီယာ မက်ကာပါဂယ် အာရိုယိုသည် စစ်ဥပဒေ တရပ်ကို အတည်ပြု ပြဌာန်းလိုက်ခြင်း ဖြစ်သည်။ ဖိလစ်ပိုင် အစိုးရက ယခုကိစ္စတွင် ယခင် ကတည်းက အစိုးရကို လက်နက်ဆွဲကိုင် တိုက်ခိုက်နေသည့် မွတ်စလင် အကြမ်းဖက် အဖွဲ့များ ပါ၀င် ပတ်သက်နေမည်ကို စိုးရိမ်လျှက် ရှိနေကြသည်။

စစ်ဥပဒေ ထုတ်ပြန်ပြီး ဖမ်းဆီးမှု ခံနေရသူ အများစုသည် အမ်ပါတူအန် အဖွဲ့ဝင် အများစုဖြစ်ပြီး နောက်ထပ် ဖမ်းဆီးမှုများလည်း ထပ်မံဖြစ်ပေါ် လာနိုင်သေးကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here