နာမည်ကျော် WWE ကမ္ဘ့ာ နဘမ်းသမား အူမားဂါး သေဆုံးပြီ

alt

ကမ္ဘ့ာနဘမ်း လောကတွင် လူကောင် ထွားထွား ဝဖိုင့်ဖိုင့် ခန္ဓာနှင့် ဝူးဝူးဝါးဝါး ပြောဆိုတတ်သူ ဆာမိုအာ ကျွန်းသား WWE ဆူပါစတား အက်ဒွပ် အူမာဂါ ဖါတူ မှာ နှလုံးရောဂါ တိုက်ခိုက်မှု ကြောင့် အသက် ၃၆နှစ် အရွယ်တွင်

ကွယ်လွန်ခဲ့ပြီဟု ဇနီးသည် ဖြစ်သူမှ စီအဲန်အဲန် သတင်းဋ္ဌာနသို့ ယနေ့ ပြောကြား လိုက်သည်။

သောကြာနေ့ ညနေပိုင်းတွင် သူ၏ နေအိမ် အိပ်ခန်း၌ အူမားဂါးမှာ သတိလစ် မေ့မျောနေပြီး နှာခေါင်းမှ သွေးများလျံ ထွက်နေသည်ကို တွေ့ရှိရသဖြင့် ဇနီးဖြစ်သူမှ တက္ကဆတ်၊ ဟူစတန် ဆေးရုံသို့ ပို့လိုက်ပြီးနောက် ညနေ ၆နာရီတွင် ကွယ်လွန် ခဲ့ရသည်ဟု သိရှိရသည်။

၂၀၀၇ ခုနှစ်က ဆူပါစတား အများစုလိုပင် အူမားဂါးမှာ အွန်လိုင်းမှ ကြွက်သား အားတိုးဆေးများ၊ ဟိုမုန်း အားတိုးဆေးများ ဝယ်ယူ သုံးစွဲခဲ့သည်ဟု သိရှိရသည်။ ကမာ္ဘ့ နဘမ်းအဖွဲ့ အစည်းမှ အကြိမ်ကြိမ် တားမြစ်ဆေးဝါး သုံးစွဲမှုဖြင့် သတိပေးခံရသူ အူမားဂါးမှာ ယခုနှစ် နွေရာသီတွင် ဆေးဝါးသုံးစွဲမှုဖြင့် WWE မှ ထုတ်ပယ်ခံရပြီး ဂန္တဝင် နဘမ်းသမား Hulk Hogan နှင့် ဩစတြေလျား ခရီးစဉ် ပြန်လာအပြီး များမကြာမီ ရက်များအတွင်း ယခုလို ကွယ်လွန်ခဲ့ရခြင်း ဖြစ်သည်။

သူကစားသော ပွဲစဉ်များတွင် အလွန်ပြင်းထန်သော လက်ပြန် ရိုက်ချက်များ ခန္ဓာကိုယ်ဖြင်ဖိ၍ တိုက်ခိုက် ချက်များဖြင့် စွမ်းဆောင် တတ်သော အူမာဂါး အမည်မှာ ဆာမိုအာ ဘူဒိုဇာဟု အမည်ရပြီး သူ့ဝမ်းကွဲညီအကို တဦးမှာ အက်ရှင်မင်းသား နှင့် နဘမ်းသမား The Rock ဟု လူသိများသော Dwayne Johnson ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here