တောင်ကိုရီးယား ဆယ်ကျော်သက် တုပ်ကွေး ကာကွယ်ဆေး ထိုးနှံပြီး ကိုမာ ခံစားနေရ

alt

စနေနေ့က ယုံဟတ် သတင်းဋ္ဌာန ဖေါ်ပြချက်အရ တောင်ကိုရီးယား ကျန်းမာရေး အာဏာပိုင်များ ထုတ်ပြန် ပြောဆို လိုက်သည်မှာ ဆယ်ကျော် သက်အရွယ် ခလေးငယ် တဦး တုပ်ကွေးရောဂါ ကာကွယ်ဆေး ထိုးနှံ

အပြီးတွင် ကိုမာ ရောဂါ လက္ခဏာ ခံစား နေရကြောင်း သိရှိရသည်။

ဆိုးလ်မြို့နှင့် ၄၅ ကီလိုမီတာ အကွာ အဝေးတွင် ရှိသော ပိုချောင်းမြို့ရှိ ၁၃နှစ် အရွယ် ကျောင်းသားလေးမှာ တုပ်ကွေး ကာကွယ်ဆေး ထိုးပြီး ကတည်းက ၉ရက် အကြာ သတိ မေ့မျောနေခဲ့ပြီး  ယခုအခါ ဦးနှောက်တွင်း သွေးကြောများ ပျက်စီးမှုပါ ဖြစ်ပွား နေသည်ဟု သိရှိရသည်။

ထို ကလေးငယ်အား တနိုင်ငံလုံး အတိုင်းအတာ အရ H1N1 ကာကွယ်ဆေး ထိုးနှံပြီး အချိန်တွင် မူမမှန်သော အာရုံ ခြောက်ခြားမှု လက္ခဏာများ ပြသ လာသည်ဟု ဆိုသည်။

ကျန်မာရေး အာဏာပိုင်များက ကာကွယ်ဆေး အရှိန်ကြောင့် သွေးကြောပျက်စီးမှု ဆက်စပ်နေ သလားဟု ပိုက်စိပ်တိုက် သုတေသန ပြု အဖြေရှာလျှက် ရှိသည်ဟု ဆိုသည်။ လွန်ခဲ့သော လကလည်း တောင်ကိုရီးယား ကျောင်သူတဦး A/H1N1 ကာကွယ်ဆေး ထိုးနှံအပြီး ၃ရက် အကြာတွင် ယခုလို လက္ခဏာမျိုးနှင့် သေဆုံး ခဲ့ရဖူးသည်ဟု ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here