ကျောင်းပိုင် ကွန်ပျူတာသုံးပြီး ဂြိုလ်သား ရှာဖွေရေး လုပ်ခဲ့သည့် ဝန််ထမ်း အလုပ်ထုတ်ခံရ

alt

ကျောင်းပိုင် ကွန်ပျူတာကို အသုံးပြုပြီး ဂြိုဟ်သားများကို လိုက်လံ ရှာဖွေခဲ့သည့် အလုပ်သမား တဦးအား အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း အမေရိကန် နိုင်ငံ၊ အရီဇိုးနားရှိ ကျောင်းတကျောင်းက ကြေညာခဲ့သည်။

IT ဘာသာရပ် သင်ကြားရေး အကြီးအကဲ ဘရက်နီ ဆလူချောစကီး သည် ဟီဂလီ ကျောင်းမှ ကွန်ပျူတာကို အသုံးပြုကာ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ Berkeley အမည်ရှိ ပရိုဂရမ် တခုကို Download လုပ်ခဲ့သလို အခြား ကမာ္ဘမှ သက်ရှိများကို ရှာဖွေရန်ဟု ဆိုကာ ခရိုင်အတွင်း ရှိသမျှ ကျောင်းများနှင့် လိုက်လံ ချိတ်ဆက်ခဲ့သည်။

ယင်း အသုံးပြုသည့် Software သည် ကွန်ပျူတာ တလုံးစီမှ User များ၏ အချက်အလက် များနှင့် သင်္ကေတများကို ရေဒီယို တယ်လီစကုပ် မှတဆင့် Scan ဖတ် သိမ်းဆည်းနိုင်ကြောင်း အရီဇိုးနားရီ ပတ်ဘလစ် သတင်းစာက ဖော်ပြခဲ့သည်။

[email protected] ဟု အမည်ပေး ထားသည့် ယင်း ပရိုဂရမ်ကို ပြည်နယ်ကျောင်း များတွင် သုံးစွဲခွင့် ပိတ်ပင်ထားခဲ့ပြီး အဆိုပါ Software ကြောင့် ထိခိုက်မှုများ ရှိနိုင်ကြောင်း ကြေညာထားပြီး ဖြစ်သည်။ ကျောင်းအုပ်ချုပ်ရေး အဖွဲ့က ဘရက်နီ ဆလူချောစကီး ၏ လုပ်ရပ်ကြောင့် ဆုံးရှုံးသွားနိုင်သည့် ပမာဏသည် ဒေါ်လာ(၁.၂)သန်း အထိ ရှိနိုင်ကြောင်း ပြောကြားခဲ့သည်။

၎င်း ကိုယ်တိုင်ကမူ မိမိသည် ဂြိုဟ်သားများကို လိုက်လံရှာဖွေရန် ကြိုးပမ်းခဲ့ခြင်းသာ ဖြစ်ကြောင်း၊ အလုပ်ထုတ် ခံရသဖြင့် စိတ်ပျက်မိကြောင်း သတင်းထောက် များအား ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here