တောင်ကိုရီးယားရောက် မြန်မာကျောင်းသားများ လူမှုရေး အဖွဲ့အစည်း ထူထောင်မည်

alt

တောင်ကိုရီးယား နိုင်ငံမှ ပညာသင် ထူးချွန်ဆု ရရှိဖူးသော မြန်မာ ကျောင်းသား ဟောင်းများ စုစည်းကာ မြန်မာ နှင့် တောင်ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု တိုးတက်စေရေး

ရည်ရွယ်ချက်ဖြင့် လူမှုရေး အဖွဲ့အစည်း တခု ထူထောင်ရန် စီစဉ်နေကြောင်း ကိုရီးယား နိုင်ငံတကာ ကော်ပိုရေးရှင်း အေဂျင်စီ (KOICA) က ပြောကြား လိုက်သည်။

ယခု အဖွဲ့အတွက် ရံပုံငွေကို KOICA က ထောက်ပံ့ ပေးသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးသည့် ကျေးလက် ဒေသများတွင် လူမှုရေး လုပ်ငန်းများ စေတနာ့ အဖွဲ့အစည်း အဖြစ် ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။

KOICA သည် တောင်ကိုရီးယား အစိုးရ၏ နိုင်ငံတကာ ဆက်ဆံရေး တိုးမြှင့်မှု စီမံကိန်းများကို တာဝန် ယူထားသည့် အဖွဲ့ကြီးဖြစ်ပြီး မြန်မာနှင့် တောင်ကိုရီးယား နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာ လာစေရေး အလေးထား ဆောင်ရွက်လျှက် ရှိသည်။ KOICA သည် ယခုနှစ် အတွင်း မြန်မာနိုင်ငံမှ ထူးချွန်ကျောင်းသား (၁၂၀) ကျော်ကို ပညာသင်ဆုများ ထောက်ပံ့ခဲ့ပြီး အဖွဲ့အစည်း အနေနှင့် မြန်မာကျောင်းသား (၁၀၀၀)ကျော် အထိ စကောလားရှစ် ပေးအပ်ခဲ့ပြီး ဖြစ်သည်။

တောင်ကိုရီးယား အစိုးရသည် မြန်မာနိုင်ငံနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေး ထူထောင်ရန် ပြင်ဆင်လျှက် ရှိရာ မြန်မာနိုင်ငံသို့ စေတနာရှင် ကျွမ်းကျင် ၀န်ထမ်းများလည်း မကြာသေးမီက ပေးပို့ခဲ့သေးသည်။

ယင်းတို့သည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ နည်းပညာနှင့် ကျန်းမာရေး ကဏ္ဍများတွင် တာဝန်ယူ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here