လာအို ဆီးဂိမ်းတွင် မြန်မာ လက်ဝှေ့အဖွဲ့ မွေထိုင်းပါဝင် ယှဉ်ပြိုင်မည်

alt

(၂၅)ကြိမ်မြောက် အာဆီယံ ဆီးဂိမ်း ပြိုင်ပွဲတွင် မြန်မာ့ လက်ဝှေ့အဖွဲ့ မွေထိုင်း လက်ဝှေ့ပါ၀င် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရှိရသည်။ လာအိုတွင် ကျင်းပမည့် ပြိုင်ပွဲ၏ ရိုးရာမွေထိုင်း လက်ဝှေ့ပွဲသို့ မြန်မာ့လက်ဝှေ့ အကျော်အမော်

များဖြစ်သည့် ၀င်းထွန်း၊ သတ္တိအောင်၊ စိုးမိုးဟိန်း၊ စကြင်္ာမင်း၊ စစ်မင်း စသည့် တို့သည် တန်းအလိုက် ရွှေတံဆိပ် ဆုရှင်များ ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

မြန်မာ လက်ဝှေ့အဖွဲ့သည် ထိုင်း နိုင်ငံတွင် နောက်ဆုံး ကျင်းပခဲ့သည့် မွေထိုင်း ပြိုင်ပွဲတွင် ရွှေတံဆိပ် (၃)ခုနှင့် ကြေးတံဆိပ် (၄)ခု တို့ကို ဆွတ်ခူးရရှိ နိုင်ခဲ့သည်။ မြန်မာ နိုင်ငံ၏ ရိုးရာ လက်ဝှေ့သည် လက်အိတ် မစွပ်ဘဲ နိုင်လွန်ထည် များကိုသာ လက်သီးတွင် စည်းနှောင် ထားလေ့ရှိသည်။

မြန်မာ့လက်ဝှေ့နှင့် မွေထိုင်း လက်ဝှေ့တို့သည် ဆင်တူမှုအချို့ ရှိနေပြီး ဒူးကိုအသုံးပြု တိုက်ခိုက်မှုများအား ခွင့်ပြုထားသည်။ ယင်း ပညာရပ်များသည် အနောက်တိုင်း တိုက်ခိုက်ရေး ပညာဖြစ်သည့် ကစ်ဘောက်ဆင် နှင့် ကွဲပြား ခြားနားကြောင်း သိရသည်။

အိမ်နီးချင်း နိုင်ငံများဖြစ်သည့် မြန်မာနှင့် ထိုင်းတို့ကြား ရိုးရာ တိုက်ခိုက်ရေး ပညာရှင်ချင်း အားစမ်း စိန်ခေါ်ပွဲများ မကြာခဏ ပြုလုပ်လေ့ရှိပြီး မြန်မာနိုင်ငံတွင် ကျင်းပသည့် ပွဲအများစုကို ရန်ကုန်မြို့ သုဝဏ္ဏ မိုးလေလေလုံ အားကစားရုံတွင် ပြုလုပ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here