ဂျပန် ရုပ်ရှင်ပွဲတော် ရန်ကုန်နှင့် မန္တလေးတွင် ကျင်းပမည်

alt

မြန်မာနှင့် ဂျပန် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာ နိုင်ငံတွင် ဂျပန်ရုပ်ရှင် ပွဲတော်များ ကျင်းပ သွားမည်ဟု ဂျပန်သံရုံးက အတည်ပြု ပြောကြား လိုက်သည်။

မြန်မာ နိုင်ငံ၏ အကြီးဆုံး မြို့ကြီးများ ဖြစ်သည့် ရန်ကုန်နှင့် မန္တလေးတို့တွင် (၄)ရက်စီ ကျင်းပမည့် ရုပ်ရှင်ပွဲတော်များ အတွင်း ဂျပန် ရုပ်ရှင်ကား (၄)ကား ဖြစ်သည့် Turn Over ၊ Blue ၊ Breath in, Breath out နှင့် A Scene at the Sea တို့ကို ပြသသွားမည် ဖြစ်သည်။

ရန်ကုန်တွင် ဒီဇင်ဘာ (၁၀)ရက်မှ (၁၃)ရက် အထိ သမ္မတ ရုံတွင် ရုပ်ရှင်ပွဲတော် ကျင်းပမည် ဖြစ်ပြီး မန္တလေးတွင်မူ ရုပ်ရှင်ကားများကို ၀င်းလိုက် ရုံကြီး၌ ဒီဇင်ဘာ (၁၇)ရက် နေ့မှ (၂၀)ရက် နေ့အထိ ပြသသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံသည် ရုပ်ရှင် ပွဲတော်များကို (၂၀၀၀) ပြည့်နှစ်မှ စတင်ကာ မြန်မာနိုင်ငံ အတွင်း ကျင်းပလာခဲ့ပြီး ဂျပန်သံရုံးမှ ပွဲတော်များ ကျင်းပရေးအတွက် တာဝန်ယူ ဆောင်ရွက်ပေးလေ့ ရှိသည်။ မြန်မာ နိုင်ငံတွင် နိုင်ငံတကာ ရုပ်ရှင် ပွဲတော်များကို ကျင်းပပေးလျှက် ရှိရာ ပြီးခဲ့သည့်လက ရန်ကုန်မြို့တွင် ဗြိတိန်၊ အီတလီ၊ ဂျာမနီနှင့် အီတလီ နိုင်ငံများမှ ပါ၀င် တင်ဆက်သည့် (၁၈)ကြိမ်မြောက် ဥရောပ ရုပ်ရှင်ပွဲတော် တခု ပြုလုပ် ကျင်းပခဲ့ပြီး အင်္ဂလိပ် စာတန်းထိုး ရုပ်ရှင် ဇာတ်ကားများအား ပြသခဲ့ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here