ဟွန်းဒူးရပ် သမ္မတဟောင်း မန်နျူရယ်ဇီလာရာ အာဏာပြန်လည် အပ်နှင်းရေး ပယ်ချခံရ

alt

မန်နျူရယ် ဇီလာရာ အား အာဏာပြန်လည် အပ်နှင်းရန် သင့်မသင့် ဟွန်းဒူးရပ် နိုင်ငံ အာဏာသိမ်း အစိုးရ လွှတ်တော်တွင် မဲခွဲဆုံးဖြတ် ခဲ့ပြီးနောက် ယင်း အဆိုကို ပယ်ချလိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။

စစ်တပ်၏ အာဏာသိမ်းမှုကို ခံရသည့် သမ္မတဟောင်း ဇီလာရာ အနေနှင့် သမ္မတ ရာထူးတွင် ဆက်လက် ရှိနေသည်ကို အာဏာသိမ်း ခံရပြီး (၂)လအကြာ အထိသာ နိုင်ငံဥပဒေက အသိအမှတ် ပြုထားကြောင်း လွှတ်တော်က ဆိုသည်။

မဲခွဲ ဆုံးဖြတ်မှုများ အရ ဇီလာရာအား အာဏာပြန်လည် အပ်နှင်းရေး ကိစ္စမှာ (၁၁၁)မဲ၊ (၁၄)မဲဖြင့် အပြတ်အသတ် အရေးနိမ့် ခဲ့ကြောင်း သိရှိရသည်။ ယခုအခါ ဟွန်းဒူးရပ် မြို့တော်ရှိ ဘရာဇီး သံရုံးတွင် ခိုလှုံနေရသည့် ဇီလာရာက ၎င်းသည် အာဏာသိမ်း ခံရပြီး (၂)လ အတွင်း ဟွန်းဒူးရပ်သို့ ပြန်လာခွင့် မရှိဘဲ ပြည်ပ နိုင်ငံများတွင် ခိုလှုံနေရကြောင်း ထောက်ပြခဲ့သည်။

ထို့အပြင် လွှတ်တော်မှ ဥပဒေပြု အမတ်များသည် နိုင်ငံရေးကို ဥပဒေအပြင်မှ ကြိုးကိုင် နေကောင်းလည်း ဇီလာရာက စွပ်စွဲထားခဲ့သည်။ အမေရိကန် သမ္မတ ဘာရက် အိုဘားမားနှင့် အခြားသော လက်တင် အမေရိက ခေါင်းဆောင် အချို့တို့သည် ဇွန်လ(၂၆)ရက် နေ့က အာဏာသိမ်း ခံရသည့် ဇီလာရာအား သမ္မတအဖြစ် ဆက်လက် ထားရှိပြီးမှ ရွေးကောက်ပွဲ ကျင်းပရန် တောင်းဆို ထားကြသော်လည်း လွှတ်တော်က မျက်ကွယ်ပြုကာ ယခုလို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here