နီပေါနိုင်ငံ ဝန်ကြီးများ အစည်းအဝေး ဧဝရက်တောင်တွင် ကျင်းပ

alt

နီပေါအစိုးရ ၀န်ကြီးများသည် ကမာ္ဘ့ ရာသီဥတု အခြေအနေ ပြောင်းလဲ လာမှုကို လူအများ အာရုံစိုက် နိုင်စေ ရေး ရည်ရွယ်ချက်ဖြင့် ဧဝရက် တောင်တွင် အစည်းအဝေး တခုကျင်းပ ခဲ့ကြောင်း သိရှိရသည်။

နီပေါ ၀န်ကြီးများသည် ကမာ္ဘ့ အမြင့်ဆုံး နေရာတွင် ကျင်းပသည့် ကက်ဘိနက် အစည်းအဝေး အဖြစ် မှတ်တမ်းဝင်မည့် ယခု လုပ်ဆောင်ချက် သည် အောက်တိုဘာလ က မော်လ်ဒိုက် အစိုးရ၏ ပင်လယ် ရေအောက်တွင် ပြုလုပ် ကျင်းပသော အစည်းအဝေး ကဲ့သို့ ကမာ္ဘ့ ပတ်ဝန်းကျင် ပြောင်းလဲလာမှုကို လူအများ သတိပြု မိလာစေရန် ဆွဲဆောင်နိုင်မည်ဟု မျှော်လင့် နေကြသည်။

ကိုပင်ဟေဂင် တွင် လာမည့် သီတင်းပါတ်အတွင်း ကျင်းပမည့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံအား ကြိုဆိုသည့် အနေနှင့် အစည်းအဝေးအား ဒီဇင်ဘာ (၄)ရက် နေ့က ကျင်းပခဲ့ခြင်း ဖြစ်သည်။ အစည်းအဝေးတွင် ဟိမဝနာ္တ တောင်တန်းဒေသ ထိန်းသိမ်းရေးနှင့် စပ်လျဉ်းပြီး ထည့်သွင်းဆွေးနွေး သွားမည် ဖြစ်သည်။

ပညာရှင် များက ကမာ္ဘ့ အမြင့်ဆုံး တောင်တန်းဖြစ်သည့် ဟိမဝနာ္တသည် အခြားသော တောင်အာရှ ဒေသများထက် ပိုမိုလျင်မြန်စွာ ပူနွေးလျှက်ရှိကြောင်း ထောက်ပြထားသည်။ အစည်းအဝေး မတိုင်မီ ကတည်းက အောက်စီဂျင်ဘူးများ၊ ဆေးဝါး ပစ္စည်းများကို သတ်မှတ်နေရာသို့ ကြိုတင် ပို့ဆောင်ထားပြီး အမြင့်ပေ (၁၇၀၀၀) တွင် ဆောက်လုပ်ထားသည့် ဧဝရက် တောင်ခြေစခန်း ကာလီပါတာ စခန်းသို့ စစ်သားများနှင့် သတင်းထောက် များက သွားရောက် နေရာယူထားပြီး ဖြစ်သည်။

အစည်းအဝေးသည် နာရီဝက်မျှ ကြာမြင့်ပြီး ၀န်ကြီး (၂၁)ဦး တက်ရောက်ခဲ့ကြောင်း၊ အချို့သည် အောက်စီဂျင် မျက်နှာဖုံးများ တပ်ဆင် ထားကြောင်းနှင့် နောက်ဆုံးတွင် ၀န်ကြီးများ အားလုံး ရဟတ်ယာဉ်ဖြင့် ထွက်ခွာသွားကြောင်း သတင်း ရရှိသည်။

ဧဝရက်တောင်သည် ကမာ္ဘပေါ်တွင် အမြင့်ဆုံး တောင်ဖြစ်ပြီး ထိပ်ဆုံးနေရာသည် ပင်လယ် ရေမျက်နှာပြင်မှ (၂၃၀၉၅)ပေ အထိ အမြင့်ရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here