ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာမှု ခန့်မှန်း ထားသည်ထက် ပိုမိုမြန်ဆန် လာမည်

alt

အန္တာတိက တိုက်မှရေခဲများ လျှင်မြန် စွာ အရည်ပျော်မှုသည် ပင်လယ် ရေ မျက်နှာပြင် မြင့်တက် လာမှုကို မူလ ခန့်မှန်း ထားသည်ထက် နှစ်ဆမျှ မြန်ဆန် လာစေမည် ဖြစ်ကြောင်း

ပညာရှင် များက သတိပေး ပြောကြား လိုက်သည်။

ယခု နှုန်းအတိုင်း ဆက်သွားနေပါက ယနေ့ ခေတ်တွင် မွေးဖွားသည့် ကလေးငယ် များ၏ သက်တမ်း တလျှောက် နောက်ထပ် ရေမျက်နှာပြင် အမြင့် (၄.၅)ပေမျှ တိုးလာသည်ကို ကြံုရနိုင်ကြောင်း သိပ္ပံပညာရှင် များက ဆိုသည်။

တောင်ဝင်ရိုးစွန်း ဒေသသည် သမုဒ္ဒရာ အပူချိန် မြင့်တက် လာခြင်းနှင့်အတူ ဆီးနှင်းနှင့် ရေခဲများ သမုဒ္ဒရာအတွင်း ပဲ့ကျ အရည်ပျော်လျှက် ရှိရာ သဘာဝ ၀န်းကျင်အတွက် အန္တရာယ်တခု ဖြစ်လာ နိုင်ကြောင်း သုတေသီများက သတိပေး လိုက်သည်။

ကမာ္ဘ အရပ်ရပ်ရှိ ပညာရေးဌာန (၁၀၀)ကျော် တို့သည် တောင်ဝင်ရိုးစွန်းရှိ ဆီးနှင်းများ ပျော်ကျမှု အခြေအနေနှင့် ပတ်သက်ပြီး အသေးစိတ် လေ့လာမှုများ ပြုလုပ်ကာ စာမျက်နှာ (၅၂၆) မျက်နှာပါသည့် အစီရင်ခံစာ တစောင်ကို ဒီဇင်ဘာ (၁)ရက် နေ့က ဖြန့်ဝေခဲ့သည်။

အန္တာတိက တိုက်၏ ကမ်းရိုးတမ်း မျက်နှာပြင်များသည် လွန်ခဲ့သော နှစ်ပေါင်း(၃၀) မျှကတည်းက သာမန်ထက် လျှင်မြန်စွာ ပဲ့ကြွေ လျှက်ရှိရာ ကမာ္ဘ့အပူချိန် တိုးတက် လာမှုအတွက် အန္တရာယ် တခုသဖွယ် ဦးတည် လာခဲ့သည်။

ပညာရှင်များက တောင်ဝင်ရိုးစွန်း အထက်ဘက်ရှိ အိုဇုန်းလွှာ ပေါက်ပြဲမှုက ရေခဲများ ယခင်ကထက် လျင်မြန်စွာ အရည်ပျော် လာရခြင်း၏ အဓိက အကြောင်းရင်း တခုအဖြစ် ပြောကြားခဲ့ပြီး ခရမ်းလွန် ရောင်ခြည် တိုက်ရိုက် ကျရောက်မှု ပိုများလာကြောင်း ထောက်ပြခဲ့သည်။

ဗြိတိသျှ အနာ္တတိက လေ့လာရေးပညာရှင် ပရော်ဖက်ဆာ ဂျွန်တာနာက အန္တရာတိက တိုက်သည် ကမာ္ဘကြီး ပူနွေးလာမှုကို ဒိုင်းတချပ်နှယ် ကြံ့ကြံ့ခံ ကာကွယ် ပေးနေခဲ့သော်လည်း အိုဇုန်းလွှာ ပေါက်ပြဲမှုကြောင့် အရည်ပျော်နှုန်း မြင့်တက်လာကြောင်း ပြောကြား သွားခဲ့ခြင်း ဖြစ်သည်။

လေ့လာမှုများ အရ အနာ္တတိက တိုက်အပေါ်ရှိ အိုဇုန်းလွှာ မူလအခြေအနေ ပြန်ရောက်ရန် အနည်းဆုံး နှစ်ပေါင်း(၅၀) မှ (၆၀)ခန့် အထိ ကြာမြင့်နိုင်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here