အမျိုးသမီး ရင်သားကို နေ့စဉ် ကြည့်ရှု ခံစားသည့် အမျိုးသားများ၏ ကျန်းမာရေး ကောင်းမွန်နိုင်

alt

လှပ ကျော့ရှင်းသည့် အမျိုးသမီး တဦး၏ ရင်သားအလှကို နေ့စဉ် (၁၀)မိနစ်စီ ကြည့်ရှု ခံစားခြင်းသည် အမျိုးသားများ အတွက် ကျန်းမာရေး ကောင်းမွန် စေကြောင်း သိရှိရသည်။

ယင်း အလေ့အကျင့်ကြောင့် ရရှိလာသည့် လှုံ့ဆော်မှုသည် နာရီဝက် ကြာအောင် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းနှင့် ညီမျှကြောင်း ဒေါက်တာ ကာရန် ၀ီသာဘီ က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ ၀ီသာဘီ ဦးဆောင်သော ဂျာမနီနိုင်ငံ ဆေးရုံ(၃)ခုမှ ဆရာဝန် များသည် အမျိုးသား အယောက်(၂၀၀) တို့၏ နေ့စဉ် ဓလေ့စရိုက် များကို (၅)နှစ် အချိန်ယူ လေ့လာခဲ့ကြရာ ၎င်းတို့အနက် ထက်ဝက်သည် မနက်လင်းချိန်တွင် အရင်ဆုံး မြင်ချင်သည့် ကိစ္စမှာ စိတ်လှုပ်ရှားဖွယ် ကောင်းလှသည့် အမျိုးသမီးတဦး၏ ခန္ဓာကိုယ်အလှ ဖြစ်ကြောင်း ပြောကြားထားကြပြီး ကျန်တဝက်မှာမူ ထိုကိစ္စ အတွက် ထောက်ခံခြင်း မပြုဘဲ ကြားနေကြသည်။

ပညာရှင် များသည် ပထမအဖွဲ့မှ ပုဂ္ဂိုလ်များအား ၎င်းတို့ဆန္ဒအတိုင်း ဆောင်ရွက်ရန် ခွင့်ပြုထားပြီး ကျန်အဖွဲ့ကိုမူ နှစ်သက်ရာ အာရုံအလိုက် ခံစားခွင့် ပေးထားသည်။ (၅)နှစ် ကြာပြီးနောက် နေ့စဉ်နေ့တိုင်း အမျိုးသမီးများ၏ လှပသော ရင်သားကို အရသာခံ ကြည့်ရှုခွင့်ရသည့် အမျိုးသားများသည် သွေးဖိအား ပြဿနာ၊ သွေးကြောနှင့် ဆိုင်သော ရောဂါများ၊ သွေးခုန်နှုန်း မမှန်ကန်မှုများ ဖြစ်ပေါ်နိုင်ခြေ သိသိသာသာ ကျဆင်းသွားသည်ကို လေ့လာ တွေ့ရှိခဲ့သည်။

လိင်နှင့် ဆိုင်သည့် စိတ်လှုပ်ရှားမှုသည် နှလုံးအား ပိုမိုလှုပ်ရှား သက်ဝင်စေကာ သွေးလှည့်ပတ် စီးဆင်းမှုကို လျင်မြန် ကောင်းမွန်စေသည်။ ထို့ကြောင့်လည်း လိင်စိတ်ကို လှုံ့ဆော်ပေးနိုင်သည့် ရင်သားအလှကို နေ့စဉ်ခံစား ထိတွေ့နေသည့် အမျိုးသားများ အတွက် ကျန်းမာရေး ပိုမို ကောင်းမွန်နေသည်မှာ မေးခွန်းထုတ်စရာ မလိုသည့် ရလဒ်ဖြစ်ကြောင်း ဒေါက်တာ ၀ီသာဘီက ရှင်းပြခဲ့သည်။

ထို့အပြင် ထိုအပြုအမူကို ကာလရှည်ကြာ ပြုလုပ်ပါက နှလုံးရောဂါ ဖြစ်နိုင်ခြေ ထက်ဝက်မျှ ကျဆင်း နိုင်သည်ဟုလည်း ဆိုသည်။ ထို့ကြောင့်လည်း ဒေါက်တာဝီသာဘီ က အမျိုးသားများ ( အထူးသဖြင့် အသက် ၄၀ ကျော် ပုဂ္ဂိုလ်များ ) သည် D-Cup အရွယ်၊ သို့မဟုတ် ပိုကြီးသော အမျိုးသမီး ရင်သားများကို နေ့စဉ် နေ့တိုင်း (၁၀)မိနစ်မျှ ခံစား ကြည့်ရှုသင့်ကြောင်း တိုက်တွန်း နှိုးဆော်ထားသည် ကို ဂျာမဏီ နိုင်ငံထုတ် နယူး အင်္ဂလန် ဆေးပညာ ဂျာနယ်တွင် ဖေါ်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here