ဥရောပ ခေါင်းဆောင်များ စစ်အစိုးရ ဝန်ကြီးချုပ်နှင့် တွေ့ဆုံရန် စီစဉ်နေ

alt

ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ညီလာခံ တွင် ဥရောပ ခေါင်းဆောင် များသည် မြန်မာ စစ်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် နှင့် တွေ့ဆုံ ဆွေးနွေးသွားရန် စီစဉ်နေကြောင်း သိရှိ ရသည်။

ဒီဇင်ဘာ (၇)ရက် နေ့တွင် ဘယ်ဂျီယံ နိုင်ငံ၊ ဘရပ်ဆဲလ် မြို့တော်၌ ကျင်းပ မည့် ညီလာခံသို့ မြန်မာ စစ်အစိုးရ ၀န်ကြီးချုပ် တက်ရောက်ဖွယ် ရှိပြီး ဥရောပ နိုင်ငံ ခေါင်းဆောင်များသည် ၎င်းနှင့် စကားပြောဆို နိုင်ကြရန် မျှော်လင့်ထားသည်။

ဆွီဒင်နိုင်ငံ အစိုးရက ယခု ညီလာခံသည် မြန်မာ့ ဒီမိုကရေစီ အရေးကို ဥရောပ ယူနီယံ အနေနှင့် တိုက်ရိုက် ဆွေးနွေးနိုင်ရန် အခွင့်ကောင်း ဖြစ်ကြောင်း သုံးသပ်ခဲ့ပြီး၊ ဥရောပ ယူနီယံသည် မြန်မာ စစ်အစိုးရနှင့် ပိုမို အခြေခံကျသည့် ဆွေးနွေးမှုများ ပြုလုပ်သွားရန် ဆန္ဒ ရှိနေကြောင်း European Voice သို့ တရားဝင် ပြောကြားလိုက်သည်။

အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံ အရေးနှင့် ပတ်သက်ပြီး မူဝါဒ ပြောင်းလဲမည်ဟု ကြေညာပြီးနောက် မဟာမိတ်ဖြစ်သည့် ဥရောပ ယူနီယံကလည်း မြန်မာ စစ်အာဏာပိုင်များနှင့် တိုက်ရိုက်ကျစွာ ဆွေးနွေးရန် ပိုမိုဆန္ဒ ရှိလာကြသည်။ ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ပြီးခဲ့သည့်လက အမေရိကန် သမ္မတ ဘာရက် အိုဘားမား နှင့် စင်္ကာပူ နိုင်ငံတွင် ကျင်းပသည့် အာရှ-ပစိဖိတ် စီးပွားရေး ဖွံ့ဖြိုးမှု ဖိုရမ်တွင် တွေ့ဆုံခဲ့ကြ သေးသည်။

ယင်း တွေ့ဆုံမှုသည် ရပ်တည်ချက် အလွန်ကြီးမားစွာ ကွဲပြားနေသည့် နိုင်ငံနှစ်ခု၏ အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်နှစ်ဦး (၄၃)နှစ် အတွင်း ပထမဆုံး အကြိမ် ဆုံဆည်းမှု ဖြစ်လာခဲ့ရသည်။

ဥရောပ ယူနီယံသည် မြန်မာ့အရေးနှင့် စပ်လျဉ်းပြီး ဆွေးနွေးမှုများ ပိုမိုပြုလုပ်ရန် ဆန္ဒရှိနေသော်လည်း လတ်တလော မြန်မာ နိုင်ငံ အပေါ် ပိတ်ပင် ထားမှုများကို ဆက်လက် ထားရှိဦးမည် ဖြစ်ကြောင်း ပြောကြားထားပြီး ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here