မန်ယူနှင့် တွေ့ရမည်ကို ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ခရစ်စတီယာနို ရော်နာဒို စိုးရိမ်ဟုဆို

alt

ရီးရဲလ် မက်ဒရစ် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နာဒိုက မန်ချက် စတာ ယူနိုက်တက် နှင့် ချန်ပီယံလိဂ် ဘောလုံး ပြိုင်ပွဲတွင် ဆုံတွေ့မည်ကို စိုးရိမ်မိကြောင်း ပြောဆို လိုက်သည်။

၂၀၀၈ ခုနှစ် ကမာ္ဘ့ အကောင်းဆုံး ဘောလုံးသမား ဆုရှင် ပေါ်တူဂီ တိုက်စစ်မှူး သည် ယခုနှစ် နွေရာသီ ကမှ ယူနိုက်တက် အသင်းကို စွန့်ခွာပြီး စပိန်ထိပ်တန်း ကလပ်သို့ ကမာ္ဘ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း(၈၀)ဖြင့် ရောက်ရှိခဲ့သူ ဖြစ်သည်။

အသက် (၂၄)နှစ်ရှိ ရော်နာဒိုက မိမိအနေနှင့် ရှုံးထွက် အဆင့်တွင် ယူနိုက်တက် နှင့် ထိပ်တိုက် ရင်ဆိုင်ရန် လုံးဝ မလိုလားကြောင်း၊ ယူနိုက်တက် အား ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ရခြင်းသည် ယင်းအတွက် ထူးခြားသော ခံစားမှုမျိုး ဖြစ်လာ စေနိုင်ကြောင်း၊ ယူနိုက်တက် နည်းပြကြီး ဆာအဲလက် ဖာဂူဆန်သည် ၎င်း၏ ကစားသမားဘဝ တိုးတက်ရေး အတွက် များစွာ အကူအညီပေးခဲ့သည့် ကျေးဇူးရှိကြောင်း ၀န်ခံခဲ့သည်။

ထို့အပြင် ၀ိန်းရူနီ၊ နာရီ၊ နီမန်ဂျာဗီဒစ်၊ ရီယိုဖာဒီနန်၊ ပက်ထရစ်အဲဗရာ နှင့် အန်ဒါဆန် တို့ကဲ့သို့ သူငယ်ချင်း များအား ထိပ်တိုက် ရင်ဆိုင်ရသည့် အဖြစ်မျိုး မကြံုချင်ပါဟု ရော်နာဒိုက ဆက်လက်ပြောဆို သွားသည်။

ရော်နာဒိုက ၎င်းသည် ယူနိုက်တက်၏ အိုးထရက်ဖို့တ် ကွင်းကြီးအတွင်း (၆)နှစ်ကြာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ကြောင်း၊ ထိုအသင်းသည် မိမိအား လူမသိသူမသိ ဘဝမှ ကမာ္ဘကျော် ဘောလုံးသမား တဦးအဖြစ် တွန်းတင်ပေးခဲ့ကြောင်း အမှတ်တရ ပြောဆို သွားခဲ့သည်။

ထို့အပြင် ရော်နာဒိုက ၎င်းဘဝတွင် အသက်(၄၀)အထိ ဘောလုံး ကစားချင်ကြောင်းနှင့် ပီလီ၊ မာရာဒိုနာ တို့ကဲ့သို့ ဂန္တဝင်တွင်မည့် ဘောလုံးသမား တဦး ဖြစ်ချင်မိကြောင်းလည်း ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here