ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုသည့် Chrysler ကားကြော်ငြာ

alt

ကမာ္ဘကျော် အမေရိကန် မော်တော် ကားကုမ္ပဏီ Chrysler က နေအိမ် အကျယ်ချုပ် ထိန်းသိမ်း ခံထားရတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အား ဂုဏ်ပြု ရိုက်ကူးထားတဲ့ ကားကြော်ငြာ တခုကို

ကမာ္ဘနဲ့ အဝှမ်း ရုပ်မြင်သံကြား အစီအစဉ် တွေမှာ ဒီဇင်ဘာ ၃ ရက်က စတင် ထုတ်လွှင့် ပြသခဲ့ကြောင်း သိရှိ ရသည်။

အဆိုပါ ကြော်ငြာရဲ့ အစမှာ ဘာလင် တံတိုင်းကြီးကို ပြသထားပြီး အဲဒီနောက် Chrysler ၃၀၀ ဆီဒင်ကား အမျိုးအစား အနက်ရောင် ကားတွေ ပေါ်ကနေ နိုဘယ်ဆုရှင်တွေ တယောက်ချင်းစီ ဆင်းလာတာကို ရိုက်ပြ ထားပြီးနောက် Chrysler ၃၀၀ ဆီဒင်ကား အမျိုးအစား အဖြူရောင် တစင်း ရောက်ရှိလာပြီး၊ အခိုင်အမာ တည်ဆောက်ထားတဲ့ အုတ်နံရံကြီး တခုကို အရှိန်ပြင်းပြင်းနဲ့ ဖောက်ထွင်း ဝင်ရောက် သွားစဉ်မှာ အုတ်နံရံကြီး တခုလုံး အပိုင်းပိုင်း အစစ ကြေမွသွားတဲ့အချိန်၊ အပိုင်းအစတွေ အားလုံးဟာ ခိုဖြူလေးတွေ အဖြစ် အသွင်ပြောင်းလဲပြီး လေထဲကို ပျံသန်း သွားပုံနဲ့ အဲဒီနောက် ရပ်သွားပြီးဖြစ်တဲ့ အဖြူရောင် Chrysler ကားနောက်ခန်း တံခါးကို ဖွင့်လိုက်တဲ့ အခါမှာ ကားရဲ့ နောက်တန်း ထိုင်ခုံပေါ်မှာ ထိုင်သူမဲ့နေတာကို ရိုက်ပြထားကာ ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံရဲ့ ရွေးကောက်ခံ ဝန်ကြီးချုပ်၊ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဆိုတဲ့ စာတမ်းထိုး တင်ဆက်ဂုဏ်ပြု ပေးထားပါတယ်။

အီတလီနိုင်ငံ FIAT ကားကုမ္ပဏီက Lancia Delta ကားအတွက် ဒေါ်အောင်ဆန်းစုကြည် ကို ဂုဏ်ပြုပြီး ကားကြော်ငြာ တခုလည်း ၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်းက ရုပ်မြင်သံကြား ကြော်ငြာများတွင် ဂုဏ်ပြု ဖော်ပြခဲ့ဖူးသည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here