ရုရှား ရထားဗုံးခွဲမှု ၎င်းတို့ လက်ချက်ဟု ချေချင်သူပုန်များ ကြေညာ

alt

ပြီးခဲ့သည့် သီတင်းပါတ် အတွင်းက ရုရှား နိုင်ငံတွင် ရထားတစင်း ဗုံးခွဲခံရ ခြင်းမှာ မိမိတို့လက်ချက် ဖြစ်ကြောင်း ချေချင်ညာ ခွဲထွက်ရေး သူပုန်များက ထုတ်ပြန် ကြေညာခဲ့သည်။

မော်စကိုမှ စိန့်ပီတာစဘတ် သို့ ဦးတည် ခုတ်မောင်း နေသည့် ခရီးသည်တင် မီးရထားတွင် ဗုံး ပေါက်ကွဲမှုကြောင့် လူ(၂၆)ဦး သေဆုံးပြီး (၈၇)ဦး ဒဏ်ရာ များ ရရှိခဲ့ကြသည်။

ယခု ကြေညာချက်ကို မွတ်ဆလင် အစွန်းရောက် အကြမ်းဖက် သမားများ မကြာခဏ အသုံးပြုလေ့ ရှိသည့် kavakazcenter.com မှ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ယင်း တပ်ဖွဲ့များသည် ရုရှားပိုင် ချေချင်းညာ ဒေသမှ ခွဲထွက်ရန် ကြိုးပမ်းနေသည့် လက်နက်ကိုင် သူပုန်များ ဖြစ်သည်။

ယခု ဗုံးဖောက်ခွဲမှု အတွက် အသေးစိတ် စီမံမှုများ ပြုလုပ်ခဲ့ကြောင်း၊ ရထားပေါ်သို့ ဖောက်ခွဲရေး ပစ္စည်းများ စနစ်တကျ သယ်ဆောင်လာပြီး ယခုလို အောင်အောင်မြင်မြင် ဖောက်ခွဲ လိုက်နိုင်ခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် အသေးစိတ် ဖော်ပြ ထားသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး ရုရှားစစ်တပ်က တစုံတရာ ထင်မြင်ချက်ပေးရန် ငြင်းဆန်ထားပြီး၊ နိုဝင်ဘာ (၂၇)ရက် နေ့က ရထားဗုံးကွဲမှု ဖြစ်ပွားခဲ့သော နေရာတွင် ဒုတိယမြောက် ဗုံးတလုံး ထပ်မံ ပေါက်ကွဲကြောင်း သတင်း ထွက်နေသော်လည်း စစ်တပ်က အတည်ပြု မပေးနိုင်သေးချေ။

ချေချင်တို့သည် ကော်ကေးရှပ် ဒေသနှင့် အနီးတဝိုက်တွင် နောက်ထပ် တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု ခြိမ်းခြောက်ထားရာ ယင်းဒေသတွင် လုံခြံုရေးအရ စိုးရိမ်ရသည့် အနေအထား ရှိနေကြောင်းလည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here