Grammy ဆုပေးပွဲ ဆန်ခါတင်စာရင်း ဘီယွန်းဆေးနိုးလ် ဦးဆောင်နေ

alt

ဇန်နဝါရီလတွင် ပေးအပ် ချီးမြှင့်မည့် ဂရမ်မီ ဂီတ ထူးချွန်ဆု အတွက် ဆန်ခါတင် လူစာရင်းကို ဒီဇင်ဘာ (၂)ရက်နေ့ ညက ထုတ်ပြန် ကြေညာ ခဲ့ရာ ဘီယွန်းဆေးနိုးလ် က ထိပ်ဆုံး နေရာမှ ဦးဆောင်နေကြောင်း

သိရှိရသည်။

ဘီယွန်းဆေး သည် ဆု(၁၀)ခု အတွက် ဆန်ခါတင် အမည်ပေါက် သတ်မှတ် ခံရပြီး အသက်(၁၉)နှစ် အရွယ် လူငယ် ကြယ်ပွင့် အဆိုတော်မလေး တေလာဆွစ် က ဆု(၈)ခု အတွက် ဆန်ခါတင် အဆင့် ရွေးချယ် ခံနေရသည်။

ဒေါ်အောင်ဆန်းစုကြည် အား ဂုဏ်ပြု တေးသီချင်း သီဆိုဖူးခဲ့သော Black Eyed Peas အဖွဲ့၊ မက်စ်ဝဲလ် နှင့် ကင်ညာဝက်စ် တို့က အမည်စာရင်း (၆)ခုစာ တင်သွင်းခံရပြီး လေဒီဂါဂါ၊ ဂျေးဇက် (ဇီးလ်) တို့က ဆု(၅)ခု အတွက် ဆန်ခါတင် အဆင့်တွင် ပါ၀င် နေခဲ့သည်။

၂၀၀၉ ခုနှစ် အတွက် ဂရမ်မီဆု များကို ဇန်နဝါရီလ (၃၁)ရက် နေ့တွင် နယူးယောက်မြို့၊ Staples Center တွင် ချီးမြှင့်သွားမည် ဖြစ်သည်။ ဆုရွေးချယ်ပွဲ၏ ဂုဏ်သိက္ခာ အမြင့်ဆုံး ဆုများဖြစ်သည့် တနှစ်တာ အကောင်းဆုံး အဆိုတော်ဆုနှင့် တနှစ်တာ အကောင်းဆုံး အယ်လ်ဘမ် ဆုများ အတွက် ဂါဂါ၊ ဆွစ်နှင့် ဘီယွန်းဆေး တို့မှာ အပြိုင်အဆိုင် နာမည်ကြီး နေကြသည်။

ဂရမ်မီဆုသည် ကမာ္ဘ့ ဂီတလောကတွင် အထင်ရှားဆုံး၊ သိက္ခာအကြီးဆုံး ဂုဏ်ပြုထူးချွန်ဆု တခုဖြစ်ပြီး နှစ်စဉ် ချီးမြှင့်ခဲ့သည်မှာ (၅၂)ကြိမ် တိုင်တိုင် ရှိခဲ့ပြီဖြစ်ကြောင်း သိရှိရပြီး၊ ယခုနှစ်တွင် ပုဂ္ဂလိက ကုမ္မဏီတခုမှ စပွန်ဆာ ပေးမှုဖြင့် မြန်မာ့ ဂီတလောကမှ အဆိုတော် များလည်း ထိုဆုပေးပွဲအား သွားရောက် လေ့လာကြမည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here