အိမ်ဖြူတော် ညစာစားပွဲ မဖိတ်ခေါ်ပဲ လာရောက်သည့် ဧည့်သည်စုံတွဲ

alt

အိနိ္ဒယ ဝန်ကြီးချူပ် မန်မိုဟန်ဆင်း အား ဧည့်ခံသော အမေရိကန် သမ္မတ၏ အိမ်ဖြူတော် ဧည့်ခံပွဲသို့ မဖိတ်ခေါ်ဘဲ တက်ရောက်ခဲ့သည့် စုံတွဲအား ဥပဒေ ကြောင်း အရ အရေးယူမှုမျိုး မပြုလုပ်

သင့်ကြောင်း ၎င်းတို့၏ ရှေ့နေဟောင်း က ပြောကြား လိုက်သည်။

ရှေ့နေ ပေါလ်မော်ရစ်ဆင် က မစ်ချယ် ဆလာဟီ နှင့် တာရက်ဆလာဟီ တို့သည် ဥပဒေကြောင်း အရ အရေးယူ ရလောက်သည့် ပြစ်မှုတခုမှ ကျူးလွန် မထားပါဟု ခွန်းတုန့် ပြောကြားလိုက်သည်။

၎င်းတို့ စုံတွဲသည် သမ္မတ၏ ဧည့်ခံပွဲသို့ ခပ်တည်တည်ဖြင့် ၀င်ရောက် သွားခဲ့ခြင်းမှာ လုံခြံုရေး ရှုထောင့်မှ သုံးသပ်လျှင် အလွန် အန္တရာယ်များသည့် အခြေအနေ ဖြစ်ရာ တာဝန်ရှိသူများက အရေးယူရန် စဉ်းစားနေခြင်း ဖြစ်သည်ဟု ဆိုသည်။

သမ္မတ ဘာရက် အိုဘားမားသည် အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း အား လက်ခံ တွေ့ဆုံစဉ် ယင်း လင်မယား နှစ်ဦးမှာ ဧည့်ခံပွဲသို့ မဖိတ်ကြားထားဘဲ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ၎င်းတို့ နှစ်ဦးလုံးသည် ဧည့်ခံပွဲတွင် တစုံတရာ ပြဿနာ ရှာသော အပြုအမူမျိုး မပြုလုပ်ခဲ့ချေ။

သို့သော်လည်း ၀ါရှင်တန်ရှိ ဖြစ်ရပ်မှန် ရုပ်မြင်သံကြား အစီအစဉ် တခုက ထိုစုံတွဲအား ဖော်ထုတ် ပြခဲ့ပြီးနောက် အမေရိကန် တနိုင်ငံလုံးက စိတ်ဝင်စား လာကြသည်။ Bravo Media က ထိုစုံတွဲမှ အမျိုးသမီးဖြစ်သူ မစ်ချယ်သည် The Real Housewives of DC ရုပ်မြင်သံကြား အစီအစဉ်တွင် ပါ၀င်ရန် စဉ်းစားနေကြောင်း အတည်ပြုထားသည်။

အိမ်ဖြူတော် ကမူ ထိုစုံတွဲ၏ ကျူးကျော် ၀င်ရောက်မှုနှင့် ပတ်သက်ပြီး တစုံတရာ မှတ်ချက်ပေးရန် ငြင်းဆန်ထားဆဲ ဖြစ်သည်။ ထိုစုံတွဲ အိမ်ဖြူတော် ဧည့်ခံပွဲထဲ အထိ ဖြတ်သန်း ၀င်ရောက်ကာ သမ္မတ၊ ဒုသမ္မတနှင့် အခြားသော အရေးကြီး ပုဂ္ဂိုလ်များနှင့်ပါ  နှုတ်ဆက် ဓါတ်ပုံ အတူ တွဲရိုက်ခြင်းကြောင့် အမေရိကန် ထောက်လှမ်းရေး တပ်ဖွဲ့များ အတွက် သိက္ခာကျစရာ ဖြစ်ခဲ့ရကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here