Yahoo တွင် အများဆုံး ရှာဖွေခဲ့ကြသည့် အကြောင်းအရာ

alt

အင်တာနက် ရှာဖွေရေး ၀ဘ်ဆိုဒ်ကြီး Yahoo က ထုတ်ပြန် ကြေညာချက်အရ မိုက်ကယ်ဂျက်ဆင် အကြောင်း ရှာဖွေမှု များသည် ယခုနှစ်အတွင်း အများဆုံး ဖြစ်လာခဲ့ကြောင်း သိရှိရသည်။

ကမာ္ဘပေါ်တွင် ဒုတိယ အကြီးဆုံး ရှာဖွေရေး ၀ဘ်ဆိုဒ်ကြီး၏ အဆိုအရ (၂၀၀၉) ခုနှစ် အတွင်း King of Pop ဆိုသည့် စကားလုံးကို လူများက အကြိမ် အများဆုံး ရှာဖွေကြပြီး ယင်း စကားလုံးသည် ဇွန်လအတွင်း သေဆုံးသွားသည့် ဂျက်ဆင်အား ရည်ညွှန်းခြင်း ဖြစ်သည်ဟု ဆိုသည်။

ဂျက်ဆင်သည် လန်ဒန်တွင် ကြီးမား ခမ်းနားလှသည့် ဖျော်ဖြေပွဲကြီး တခု ပြုလုပ်ရန် စီစဉ် ထားသော်လည်း ရုတ်တရက် ကွယ်လွန်သွားရာ ကမာ္ဘတဝှမ်းရှိ ၎င်း၏ ပရိသတ်များ အတွက် ကြေကွဲစရာ ဖြစ်ခဲ့သလို ၎င်းအကြောင်း သတင်း များကိုလည်း Yahoo မှတဆင့် အများအပြား ရှာဖွေကြသောကြောင့် ယခုလို တနှစ်အတွင်း ရှာဖွေမှု အများဆုံး အခြေအနေ ဖြစ်လာခဲ့ခြင်းဟု သိရှိရသည်။

Yahoo တွင် လူအများ ရှာဖွေမှု အများဆုံး ဒုတိယမြောက် အများဆုံး စကားလုံးမှာ Twilight ဖြစ်သည်။ Twilight သည် သွေးစုပ်ဖုတ်ကောင် ဇာတ်ကား၏ အမည်ဖြစ်ပြီး မင်းသား ရောဘတ်ပက်တင်ဆန် ကြောင့် ယခုကဲ့သို့ ရှာဖွေမှု အများဆုံး ဒုတိယ အများဆုံးအဖြစ် ရပ်တည်နိုင်ခြင်း ဖြစ်သည်။

ထို့အပြင် ဘရစ်တနီစပီးယား နှင့် မီဂန်ဖော့စ် တို့သည်လည်း Yahoo တွင် ရှာဖွေသူများ၏ စိတ်ဝင်စားမှု အရှိဆုံး ထိပ်ဆုံး(၅) နေရာတွင် ပါ၀င်နေခဲ့သည်။ ယမန်နှစ်က Yahoo တွင် လူအများဆုံး ရှာဖွေမှုပြုလုပ်သည့် ဘာရက် အိုဘားမား ဟူသော အမည်မှာမူ ယခုနှစ်တွင် ထိပ်ဆုံး ရှာဖွေမှု ရလဒ်(၁၀)ခု စာရင်းပင် မဝင်တော့ကြောင်း နည်းပညာ သတင်း များက ဖေါ်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here