ခြေထောက် အကောင်းအား စတီးပြားထည့် ကုသပေးသည့် တရုတ် ဆရာဝန်နှစ်ဦး အလုပ်ထုတ်ခံရ

alt

အဖိုးအို တဦး၏ အကောင်းအတိုင်း ရှိသော ခြေထောက်တွင် စတီးပြားထည့် ကုသ ပေးလိုက်သည့် တရုတ်ဆရာဝန် နှစ်ဦးအား ဆေးရုံက အလုပ်ထုတ် လိုက်ကြောင်း သိရှိရသည်။

၎င်းတို့သည် ခြေတဖက် ဒဏ်ရာရလာသည့် အသက် (၈၄)နှစ် အရွယ် အဖိုးအို၏ အကောင်းအတိုင်း ရှိသော ခြေထောက်ထဲတွင် ယခုကဲ့သို့ သတ္တုပြားကို မှားထည့်မိခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ CCTV သတင်းဌာနက ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘီခရိုင်ရှိ တွန်ချန်း တိုင်းရင်းဆေးရုံတွင် ဖြစ်ပွားခဲ့သော ကိစ္စအတွက် ဆေးရုံသို့ လူနာ၏ မိသားစုက အရေးဆို ခဲ့ပြီးနောက် ကြီးကြီးမားမား မှားယွင်းခဲ့သည့် ဆရာဝန်နှစ်ဦးမှာ အလုပ်ထုတ် ခံခဲ့ရခြင်း ဖြစ်သည်။

အဖိုးအိုသည် မတော်တဆမှု တခုအတွင်း ခြေထောက်တွင် အရိုးအနည်းငယ် ထိခိုက်သဖြင့် ဆေးရုံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ၎င်းသည် ယခုအခါ ခြေထောက်အကောင်း အတွင်း ရောက်ရှိနေသည့် သတ္တုပြားကို ပြန်လည် ခွဲထုတ်ကာ ဒဏ်ရာ ရထားသည့် ခြေထောက်ထဲ ပြန်ထည့်သည့် Operation ကို ပြုလုပ်ရန် လိုအပ်နေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here