ဘရစ်တနီ စပီးယား ချစ်သူနှင့်အတူ မွေးနေ့ပွဲဆင်နွှဲ

alt

ဒီဇင်ဘာ (၁)ရက်နေ့က ဘရစ်တနီ စပီးယားသည် သူမ၏ အသက်(၂၈) နှစ်ပြည့် မွေးနေ့ကို ချစ်သူ၊ သား(၂)ဦး တို့နှင့် ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြောင်း သိရှိရသည်။

ထိုနေ့ ညပိုင်းက လော့စ် အိန်ဂျယ်လိစ်မြို့၊ မန်ဒရင်း ဟိုတယ်တွင် ဘရစ်တနီနှင့် အတူ ချစ်သူလည်းဖြစ်၊ အကနည်းပြလည်း ဖြစ်သည့် ဂျေဆင် ထရာဝစ်၊ ခင်ပွန်းဟောင်း ကီဗင်ဖီဒါလိုင်း နှင့် ရထားသည့် သားနှစ်ဦး ဖြစ်သော ပရက်စတန်၊ ဂျေဒန် တို့သည် ဘရစ်တနီ့ မွေးနေ့တွင် ပျော်ပျော်ရွှင်ရွှင် ပါ၀င်ခဲ့ကြောင်း မျက်မြင်များက ဆိုသည်။

ညနေပိုင်းက ဘရစ်တနီ နှင့် ဂျေဆင်တို့သည် ဆန်ဒလာဘတ် ကမ်းခြေတွင် နေဝင်အလှကို အတူသွားရောက် ခံစားခဲ့သေးပြီး ညစာကို အတူသုံးဆောင် ခဲ့ကြသည်။ သူမတို့ စုံတွဲအား တွေ့မြင်ခဲ့သူ များက ဘရစ်တနီသည် အလွန် ပျော်ရွှင်နေဟန် ရှိကြောင်း ပြောကြားခဲ့ကြသည်။

ထိုနေ့ညက ဘရစ်တနီသည် တညလုံး မအိပ်ဘဲ ဂျေဆင်နှင့် သားနှစ်ဦးအား စကားဖောင်ဖွဲ့ကာ အချိန်ဖြုန်း နေခဲ့ကြောင်း သိရှိရသည်။ ဘရစ်တနီ နှင့် ဂျေဆင်တို့သည် အစောပိုင်းက လမ်းခွဲတော့မည်ဟု သတင်းကြီး ခဲ့သေးသော်လည်း မွေးနေ့တွင်မူ တဦးနှင့်တဦး ချစ်ချစ်ခင်ခင် ရှိနေကြောင်း ဟိုတယ် ၀န်ထမ်းများက ပြောကြားခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here