အာဆင်နယ်အသင်း ဘရာဇီးလူငယ် ကစားသမားအား ခေါ်ယူရန်နီးစပ်

alt

အာဆင်နယ် အသင်းသည် ဘရာဇီး လူငယ် ကစားသမားလေး ဇီဇင်ဟို ကို ခေါ်ယူရန် အလွန် နီးစပ်နေကြောင်း သိရှိရသည်။ အသက် (၁၇)နှစ် အရွယ်ရှိ ဇီဇင်ဟိုသည် ယခုနှစ် နွေရာသီ အတွင်း အာဆင်နယ်သို့ အစမ်း

လေ့ကျင့်ရန် လာရောက်  ခဲ့ဖူးသူ ဖြစ်သည်။

အာဆင်နယ်သည် (၁၈)နှစ်အောက် ဘရာဇီးလူငယ် လက်ရွေးစင် အတွက် ပေါင်(၁.၅)သန်း၊ ပေါင်(၂.၇၅)သန်း တို့ဖြင့် ကမ်းလှမ်း ခဲ့သော်လည်း ဘရာဇီး ဒုတိယတန်း ကလပ် ဂျူဗန်တုက ပယ်ချထားပြီး ပေါင်(၇)သန်း တောင်းဆို ထားသည်။

သို့သော်လည်း သတင်းများက ပေါင်(၅)သန်း မျှဖြင့် အပြောင်းအရွှေ့ ဖြစ်မြောက် နိုင်ကြောင်း သုံးသပ် နေကြသည်။ အကယ်၍ အာဆင်နယ်သည် ဇီဇင်ဟိုအား စာချုပ် နိုင်ခဲ့လျှင်လည်း အသက် (၁၈)နှစ် မပြည့်သေးသဖြင့် လေ့ကျင့်ခန်း အတူ ဆင်းရန်သာ ခွင့်ပြုနိုင်ပြီး ပွဲထွက် ကစားခွင့် ရှိမည် မဟုတ်ပေ။

ဇီဇင်ဟို အနေနှင့် အာဆင်နယ်သို့ ပြောင်းရွှေ့ ဖြစ်ခဲ့ပါက အစောဆုံး လာမည့်နှစ် ဘောလုံးရာသီ ကျမှသာ အသင်းနှင့်အတူ ပွဲထွက်ခွင့် ရရှိမည် ဖြစ်သည်။ ဇီဇင်ဟိုအား လီဗာပူးကလည်း စိတ်ဝင်စားနေသည့်တိုင် ကစားသမား ကမူ သူ၏ သူငယ်ချင်း ဒီနယ်ဆင် ကစားနေသည့် လန်ဒန် အခြေစိုက် အာဆင်နယ် အသင်းသို့သာ ပြောင်းရွှေ့ရန် စိတ်အား ထက်သန်နေသည်။

အာဆင်နယ် နည်းပြ အာဆင်ဝင်ဂါ သည် အသင်းမှ ထွက်ခွာဖွယ်ရှိသည့် ကွင်းလယ်လူ ဆက်ဖာဘရီဂက် နေရာတွင် ရေရှည် အစားထိုးရန် အလားအလာရှိ လူငယ်လေး ဇီဇင်ဟို ကို စိတ်ဝင်စားနေခြင်း ဖြစ်နိုင်ကြောင်း သတင်းများက ဖော်ပြနေကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here