သင်္ချာ ထူးချွန်လှသည့် မူလတန်း ကျောင်းသားငယ်

alt

အသက် (၁၀)နှစ်သာ ရှိသေး သော်လည်း ယီဖန်းသည် GCSE နှင့် AS စာမေးပွဲများတွင် သင်္ချာဘာသာကို ထူးထူးချွန်ချွန် အောင်မြင် ထားသူ ဖြစ်သည်။ ၎င်းသည် မူလတန်း ကျောင်းသားလေး တယောက်မျှသာ

ဖြစ်သော်လည်း ပါရမီ ရင့်သန်လှသဖြင့် ယီ၏ သင်္ချာ အမြင်သည် တက္ကသိုလ် ပါမောက္ခ တဦးနှင့် ညီမျှနေပြီ ဖြစ်သည်။ ယီသည် မွေးဖွားချိန်တွင် သာမန် ကလေးငယ် တဦးသာ ဖြစ်ကြောင်း အသက် (၄၆)နှစ် အရွယ်ဖခင် မီဇီဖန်းက ဆိုသည်။ ၎င်းသည် (၃)နှစ် သားကျမှ စကား စပြောတတ်သူ ဖြစ်သည်။

သို့သော်လည်း ယီသည် ငယ်ရွယ်စဉ် ကတည်းက သချင်္ာနှင့် ပတ်သက်ပြီး ထူးချွန်လှကြောင်း ဗီဇပြ လာခဲ့သည်ဟု လန်ဒန် အနောက်ပိုင်း ဘရူနယ် တက္ကသိုလ်တွင် မြို့ပြအင်ဂျင်နီယာ ဘာသာရပ်ကို သင်ကြား ပို့ချပေးနေသည့် မီဇီက ပြောကြားခဲ့သည်။

မီဇီက သားငယ်အား မည်သည့်ကျောင်းတွင် ထားရမည်ကို မဆုံးဖြတ် ရသေးကြောင်း၊ ၎င်းအတွက် မူလတန်း အဆင့်တွင် ကျောင်းထား ခြင်းမှာ အချိန်ဖြုန်းခြင်း သက်သက်သာ ဖြစ်နေသည်ကို သဘောပေါက်ကြောင်း ပြောကြားခဲ့သည်။ ယီသည် လက်ရှိအချိန်တွင် ၀က်စ်ဖို့ဒ့်၌ ကျောင်းဆက် တက်နေဆဲဖြစ်သည်။

၎င်းသည် ဗြိတိန်၏ အထူးချွန်ဆုံး ကျောင်းသား (၁၀၀)အနက် ပါ၀င်နေပြီး ဖြစ်သည်။ ၎င်းသည် GCSE နှင့် AS စာမေးပွဲများကို ဂုဏ်ထူးများဖြင့် အောင်မြင်ပြီးနောက် ဇန်နဝါရီလတွင် A Level ဆက်တက်မည် ဖြစ်သည်။ ယီသည် အင်္ဂလိပ်စာ နှင့် ရူပဗေဒ တို့တွင်လည်း ထူးချွန်သည့်တိုင် သင်္ချာဘာသာတွင်မူ အတော်ဆုံးဖြစ်သည်။ ယီက မိမိအနေနှင့် ငယ်လွန်း သေးခြင်းကြောင့် အနာဂတ် အတွက် ဘာမှ မစဉ်းစား တတ်သေးကြောင်း ၀န်ခံခဲ့သည်။

ယီ တက်ရောက်နေသည့် ၀က်စ်ဖို့ဒ် ရှိ ကင်နက်ဖို့ဒ် ကျောင်းမှ ဒုကျောင်းအုပ် ကီဗင်ဆူလေဗန်က ၎င်း၏ (၃၅)နှစ်ကြာ အလုပ်အကိုင် သက်တမ်းတလျှောက် ယီ ကဲ့သို့ ကျောင်းသားမျိုး တကြိမ်မှ မတွေ့ဖူးကြောင်း ၀န်ခံသွားခဲ့ပြီး၊ ယီ ကမူ ၎င်းသည် ဘောလုံးကို ၀ါသနာပါသော်လည်း ထိုနယ်ပယ်တွင် မထူးချွန်သဖြင့် စိတ်ပျက်မိကြောင်း ပြောကြားထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here