ရည်စားကို ရက်စက်စွာ မီးရှို့သတ်ခဲ့သည့် ဗြိတိန် ဆယ်ကျော်သက်

alt

ဗြိတိန် နိုင်ငံတွင် ဆယ်ကျော်သက်ရွယ် လူငယ်တဦးအား ရည်းစားကို ရက်ရက် စက်စက် မီးရှို့သတ်မှုဖြင့် ဒီဇင်ဘာ (၁)ရက် နေ့က ရုံးတင် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။ အသက်(၁၈)နှစ် အရွယ် စတီးဝပ် ဘလက်ဘန်း သည်

၎င်းထက် (၁)နှစ်ငယ်သည့် ဂျက်ဆီကာ မက်ဂက် အား ဓာတ်ဆီဖြင့် လောင်းကာ မီးရှို့ခဲ့ကြောင်း အစိုးရ ရှေ့နေများက စွဲချက် တင်ထားကြသည်။

ယခုနှစ်၊ ဧပြီလ (၂၅)ရက် နေ့က ဖြစ်ပွားခဲ့သော ကိစ္စတွင် ချစ်သူနှစ်ဦး စကားများရာမှ ဘလက်ဘန်းသည် ဂျက်ဆီကာအား ဓာတ်ဆီ (၁)လီတာမျှ လောင်းချပြီး မီးရှို့ခဲ့ခြင်းဟု ရှေ့နေများက ဆိုကြသည်။

၎င်းသည် အာဘရို့ ရှိ နေအိမ်တွင် ဂျက်ဆီကာအား မီးရှို့ သတ်ခဲ့ကြောင်း ၀န်ခံခဲ့ပြီး ဖြစ်သည်။ လစ်ဗင်စတန် တရားရုံးသည် ယခုအမှုကို ကြားနာ စစ်ဆေးနေသော်လည်း အပြီးသတ် ဆုံးဖြတ်ချက် မချမှတ် ရသေးချေ။ ရှေ့နေများက ဂျက်ဆီကာသည် မိသားစုနှင့် သူငယ်ချင်းများက အလွန်ချစ်ခင်သည့် မိန်းကလေးဖြစ်ပြီး သေဆုံးချိန်တွင် အသက် (၁၇)နှစ်သာ ရှိသေးကြောင်း၊ သို့သော်လည်း လူမဆန်လှသည့် လုပ်ရပ်ကြောင့် ထိတ်လန့် ကြောက်ရွံ့စွာ သေဆုံး သွားရှာကြောင်း စွဲချက် တင်ထားခဲ့ပြီ ဖြစ်သည်။

သူမအား အနီးရှိ နိုင်းဝေါလ် ဆေးရုံသို့ အလျှင်အမြန် ပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာများ ပြင်းထန်လှသဖြင့် မကယ်တင် နိုင်တော့ချေ။ ဘလက်ဘန်းအား ကြားနာ စစ်ဆေးမှုသို့ ဂျက်ဆီကာ၏ မိဘနှစ်ပါးလည်း လာရောက်ခဲ့ပြီး မိခင်ဖြစ်သူက ဘလက်ဘန်းသည် လူမဟုတ်ဘဲ မကောင်းဆိုးရွား တကောင်သာ ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ပြောကြားသွားခဲ့သည်။

တရားရုံးသည် အမှုကို ဆက်လက် စစ်ဆေးဦးမည်ဖြစ်ပြီး ဘလက်ဘန်း အနေနှင့် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တသက်ထိ ချမှတ် ခံရဖွယ်ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here