ဒေးဗစ်ဗီလာ အတွက် ပေါင်စတာလင် ရ၅သန်းဟု ဗလန်စီယာ ပြောကြား

alt

ဒေးဗစ်ဗီလာ ကို အလိုရှိပါက ပေါင် စတာလင် (၇၅) သန်းမျှ သုံးစွဲရမည် ဖြစ်ကြောင်း မန်ချက်စတာ ယူနိုက်တက် နှင့် ချဲလ်ဆီး အသင်း များအား စပိန်ကလပ် ဗလန်စီယာ က သတိပေး ပြောကြားလိုက်သည်။

အင်္ဂလန် ထိပ်သီး နှစ်သင်းလုံးသည် စပိန် လက်ရွေးစင် ဗီလာ ကို အပြိုင် အဆိုင် စိတ်ဝင်စား နေသဖြင့် ဗလန်စီယာ က ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဗလန်စီယာ သည် အကြွေးများ တင်ရှိ နေသဖြင့် ဗီလာကို ရောင်းချရဖွယ် ရှိနေသည့်တိုင် ဈေးပေါပေါဖြင့် လက်လွှတ်ခံမည် မဟုတ်ဟု ကြေညာ ထားသည်။

အသင်းသည် အကြွေးပေါင် သန်း(၄၅၀)ခန့် တင်ရှိနေရာ စပိန် လက်ရွေးစင်များ ဖြစ်သည့် ဗီလာ အပြင် ဒေးဗစ်ဆေးဗား နှင့် ဂျူအန်မာတာ တို့ကိုပါ ရောင်းချ ရဖွယ် ရှိနေသည်။

စပိန် အင်အားကြီး ကလပ်များဖြစ်သည့် ဘာစီလိုနာ နှင့် ရီးရဲလ် မက်ဒရစ် တို့ကလည်း ဗီလာကို စိတ်ဝင်စား နေသည့်တိုင် ဗလန်စီယာ ကမူ အသက် (၂၇)နှစ် အရွယ် တိုက်စစ်မှူးအား ပြည်တွင်း ပြိုင်ဘက်များထံ လွှဲ မပေးလိုချေ။

ဗီလာ ကိုယ်တိုင်က ယူနိုက်တက်သို့ ပြောင်းရွှေ့လိုကြောင်း ၀န်ခံ ထားသော်လည်း အင်္ဂလန် ချန်ပီယံကမူ ၎င်းအတွက် ပြောင်းရွှေ့ကြေးကို ပေါင်(၃၅)သန်းထက် ပိုပေးရန် ဆန္ဒမရှိကြောင်း သိရသည်။ ဗလန်စီယာသည် အသင်းမှ ဗီလာနှင့် ဆေးဗားတို့အား ရောင်းချရန် ကြိုးစားနေမှုကြောင့် ပရိသတ်၏ ကန့်ကွက် ဆန္ဒပြမှုများ ကိုလည်း ရင်ဆိုင်နေရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here