A/H1N1 ကြောင့် သေဆုံးမှုနှုန်း တရုတ်နိုင်ငံတွင် သုံးဆအထိ မြင့်တက်လာ

alt

တရုတ် နိုင်ငံတွင် A/H1N1 ကြောင့် သီတင်း  နှစ်ပါတ်အတွင်း သေနှုန်း(၃)ဆ တက်လာခြင်း အတွက် ကျန်းမာရေးဌာန အာဏာပိုင်များ အကြီးအကျယ် ဝေခွဲမရ ဖြစ်နေလျှက် ရှိသည်။

ကျန်းမာရေး ဌာနက တရားဝင် လွှင့်တင်ထားသော ၀ဘ်ဆိုဒ်တွင် ပြီးခဲ့သော သီတင်းပါတ် အကုန်က သေဆုံးသူ အရေအတွက်မှာ (၁၇၈)ဦး အထိ ရှိလာပြီး လွန်ခဲ့သော နှစ်ပါတ်က ယင်း တုပ်ကွေးကြောင့် သေဆုံးသူ ဦးရေ (၅၃)ယောက် နှင့် နှိုင်းယှဉ်ပါက သိသိသာသာ တိုးပွားလာကြောင်း ဖော်ပြထားသည်။

ကြောက်စရာ ကောင်းသော တုပ်ကွေး ရောဂါသည် ယခုအခါ တရုတ်နိုင်ငံကို ကြီးကြီးမားမား ခြိမ်းခြောက်လာကြောင်း ၀ဘ်ဆိုဒ်တွင် သတိပေး ကြေညာ ထားသည်။ ကျန်းမာရေးဌာန ကျွမ်းကျင်သူ တဦးဖြစ်သည့် ဇောင်နန်ရှန်က အာဏာပိုင်များ မဖော်ထုတ်နိုင်သော သေဆုံးမှုများ ထပ်မံ ရှိနေသေးသည်ဟု ၎င်းအနေနှင့် သံသယဖြစ်မိကြောင်း ပြောကြားထားသည်။ မက္ကစီကိုမှ စတင်ဖြစ်ပွားခဲ့သော တုပ်ကွေးသည် ယခု အချိန်ထိ ကမာ္ဘနှင့်အဝှမ်း ဆက်လက်ပျံ့ပွားနေသလို တားဆီးရန် ခက်ခဲသည့် အခြေအနေတွင် ရှိနေဆဲဖြစ်သည်။

တရုတ် အစိုးရသည် လာမည့် သီတင်းပါတ်များ အတွင်း A/H1N1 တုပ်ကွေးကြောင့် သေနှုန်းပိုမို တိုးပွားလာမည်ကို စိုးရိမ်နေသည်။ ကျန်းမာရေး ၀န်ကြီး ချန်ဇူးက ပြီးခဲ့သည့် လများအတွင်း တရုတ်နိုင်ငံတွင် A/H1N1 တုပ်ကွေး ကူးစက်မှုသည် ထင်ထင်ရှားရှား များပြား လာနေကြောင်း သတိပေးထားခဲ့ပြီ ဖြစ်သည်။

ကျန်းမာရေး ဌာနသည် ဒီဇင်ဘာ (၁)ရက် နေ့က ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ရာ တရုတ်နိုင်ငံရှိ လူဦးရေ (၉၁၀၀၀) ခန့်သည် ယင်းရောဂါနှင့် ဆက်စပ်မှု ရှိနေကြာင်း အတည်ပြု ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here