လုံခြုံရေး အစောင့်၏သေနတ် ကျည်ဆန် ထွက်သွားသဖြင့် ကလေးငယ် တဦးခြေမပြတ်

alt

လုံခြံုရေး အစောင့်တဦးက ကြမ်းပြင်ပေါ် သေနတ်ကို ချလိုက်ရာမှ ကျည်ဆန် ထွက်သွားသဖြင့် အသက်(၁၂)နှစ် အရွယ် အာမက်ဖေ့ရိုစလန် ခြေမ ပြတ်သွားခဲ့ရပြီး သူ၏ ဝမ်းကွဲ ညီအကို မိုဟာမက်ဖါရစ် အဘဒူလာ လည်း

ခြေဖဝါးတွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားခဲ့သည်ဟု သိရသည်။

ယမန်နေ့ ညနေ ၃နာရီက ဂျလန်းကလန်း လာမာ အရပ်ရှိ မလေးရှား နိုင်ငံ၏ အဓိက စွမ်းအင် ထုတ်လုပ်ရေး ကုမ္ပဏီကြီး Tenga Nasional Bhd(TNB) အရှေ့ လုံခြံုရေး ဂိတ်ဝတွင် ဖြစ်ပွားခဲ့သော မတော်တဆမှုတွင် ကလေးငယ် အာမက်ဖေ့ရိုစလန် ၏ ခြေမတချောင်း ဆုံးရှုံးသွားခဲ့ သလို ဖေ့၏ ၀မ်းကွဲ ညီအစ်ကို မိုဟာမက်ဖာရစ်လည်း ဒဏ်ရာ ရသွားခဲ့သည်ဟု မလေးရှား တက္ကသိုလ်များ ဆေးရုံမှ အတည်ပြု ကြေညာခဲ့သည်။

အစောင့်၏ သေနတ်သည် ပြောင်းတို အမျိုးအစားဖြစ်ပြီး ကလေးနှစ်ဦးသည် မိုဟာမက်ဖါရစ် အမေနှင့် ဓာတ်အားခ လာရောက် ပေးဆောင်စဉ် သေနတ် ထိမှန်ခြင်း ဖြစ်သည်။ အသက်(၆၀) အရွယ် လုံခြံုရေး အစောင့်၏ သေနတ်မှ ကျည်ဆန်သည် ကလေးနှစ်ဦး၏ ခြေထောက်ကို ထိမှန်သွားခြင်း ဖြစ်သည်။

မလေးရှား The Star သတင်းစာက အမည်ဖော်ပြခြင်း မရှိသော လုံခြံုရေး ၀န်ထမ်းသည် အခင်းဖြစ်ပွားစဉ် ထွက်ပြေး သွားသော်လည်း နောက်ပိုင်းတွင် အဖမ်းခံခဲ့ရကြောင်း သိရှိရသည်။ ယခု ဖြစ်ရပ်ကြောင့် Private ကုမ္ပဏီများတွင် လက်နက်ကိုင် လုံခြံုရေး အစောင့်များ ထားရှိမှုအပေါ် လူထုက အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။

TNB သည် ယခု ကိစ္စအတွက် အသေးစိတ် စုံစမ်းမှုများ ပြုလုပ်သွားမည်ဟု ကတိပြုကြောင်း ကြေညာချက် ထုတ်ပြန် ထားသည်ဟုလည်း The Star က ဖော်ပြခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here