ဆိုမာလီယား ပင်လယ်ဓားပြများ ရေနံတင်သင်္ဘောကို ပြန်ပေးဆွဲသွား

alt

အမေရိကန်သို့ ရေနံများ တင်ပို့ရန် ဦးတည်ခုတ်မောင်း လာသော ရေနံတင် သင်္ဘော တစင်းကို ဆိုမာလီယာ ပင်လယ် ဓားပြများက ပြန်ပေးဆွဲသွား ကြောင်း သိရှိရသည်။

ရေနံတင် သင်္ဘောများပေါ်တွင် ဆေးလိပ် မသောက်ရန်ပင် တင်းတင်းကြပ်ကြပ် တားမြစ်ထားရာ ပင်လယ်ဓားပြများကို ခုခံခဲ့ပါက သေနတ်ပစ်မှုများ ဖြစ်လာနိုင်ပြီး အလွန်အန္တရာယ် များသဖြင့် သင်္ဘောသားများက အလျင်အမြန် အလျှော့ပေး ခဲ့ဟန်တူကြောင်း ထိုသင်္ဘောမှာ ဒေါ်လာ သန်း(၂၀)ဖိုး ရေနံများ တင်ဆောင်လာကာ  ထိုအခြေနေကြောင့် ဆိုမာလီ ပင်လယ်ဓားပြများ အနေနှင့် အလွယ်တကူ ထိန်းချုပ် သွားနိုင်ခြင်း ဖြစ်သည်ဟု ဆိုသည်။

နိုဝင်ဘာ (၂၉)ရက် နေ့က ပြန်ပေးဆွဲခံရသည့် သင်္ဘောကြီးသည် ဂရိအလံကို လွှင့်ထူထားပြီး ဆော်ဒီအာရေဗျမှ အမေရိကန်နိုင်ငံ နယူးအော်လင်းသို့ ဦးတည် ခုတ်မောင်းလာခြင်း ဖြစ်သည်။ ဆော်ဒီပိုင် ရေနံတင် သင်္ဘောကြီး တစင်းအား ဆိုမာလီ ပင်လယ်ဓားပြများက တနှစ်အကြာတွင် ဖြစ်ပွားသော ယခု ပြန်ပေးဆွဲမှုသည် ရေနံတင် သင်္ဘောကြီးများအား ပစ်မှတ်ထားလာမှုတွင် အကြီးကျယ်ဆုံး ဖြစ်သည်။

ဥရောပယူနီယံ ရေတပ်မှ တာဝန်ရှိသူ တဦးဖြစ်သည့် ဂျွန်ဟာဘာက Maran Centaurus ဟု အမည်ပေးထားသည့် သင်္ဘောကြီးသည် ဆိုမာလီ ကမ်းခြေမှ မိုင်(၈၀၀) အကွာတွင် ခုတ်မောင်းနေစဉ် ပြန်ပေးဆွဲခံရခြင်း ဖြစ်ပြီး သင်္ဘောသား (၂၈)ယောက် တို့မှာလည်း အဖမ်းခံ ထားရကြောင်း အတည်ပြုခဲ့သည်။

ဓားပြများသည် သင်္ဘောကို ဥပဒေမဲ့ဒေသ ဖြစ်နေသည့် ဆိုမာလီကမ်းခြေသို့ ဦးတည် ခုတ်မောင်းသွားပြီး ပြန်ပေးငွေအဖြစ် ဒေါ်လာ သန်းနှင့်ချီ တောင်းခံလာဖွယ် ရှိကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here