ကမ္ဘာပေါ်ရှိ အသေးဆုံး သစ်ခွမျိုးစိတ် ရှာဖွေတွေ့ရှိ

alt

ကမာ္ဘပေါ်တွင် အသေးဆုံး သစ်ခွ မျိုးစိတ်ကို ရုက္ခဗေဒ ပညာရှင်များက အမှတ်မထင် တွေ့ရှိခဲ့ကြောင်း သိရှိ ရသည်။ (၂.၁) မီလီမီတာ သာ အရွယ် ရှိသော ယင်း သစ်ခွပန်းကို အီကွေဒေါ

နိုင်ငံတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး အရွက်များသည် ဆဲလ် တခုစာသာ အထူ ရှိသဖြင့် တဖက်နှင့် တဖက် တိုးလျှိုပေါက် မြင်နေနိုင်အောင် ပါးလွှာ ကြောင်း သုတေသီ များကဆိုသည်။ ၎င်းပန်းသည် Platystele အမည်ရှိ မျိုးစိတ်မှ ဆင်းသက်လာပြီး ထို မျိုးစိတ်သည် သဘာဝ အားဖြင့် အလွန် သေးငယ်လေ့ ရှိကြောင်း ပညာရှင် များက ပြောကြားခဲ့သည်။

အမေရိကန် ရုက္ခဗေဒ ပညာရှင် လူဂျော့သည် ကြီးမားသော အပင်ကြီး များ၏ အမြစ်ဆုံတွင် တွယ်ကပ် ရှင်သန် နေသည့် ကမာ္ဘ့ အသေးဆုံး သစ်ခွပန်း ကို အမှတ်မထင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထိုပန်းလေးကို တွေ့တွေ့ချင်း ကြီးမားသော သစ်ခွပန်းများထက် စိတ်ဝင်စားခဲ့မိကြောင်း ဂျော့ က ဆိုသည်။

၎င်းသည် ပန်းလေးအား အသေအချာ လေ့လာကြည့်သော်လည်း အမျိုးအစား ခွဲခြား သတ်မှတ်ပြီး မျိုးစိတ်များနှင့် ချိန်ကိုက်ကြည့်၍ မရခဲ့ကြောင်း ဂျော့ကရှင်းပြ သွားသည်။ ယင်း ပန်းလေးသည် မည်သူမျှ ရှာမတွေ့ နိုင်သေးသည့် မျိုးနွယ်သစ် အဖြစ် ထိုစဉ် ကတည်းက သတိပြုခဲ့မိကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဂျော့သည် သစ်ခွပညာရှင် တဦးဖြစ်ပြီး ယခု ပန်းကလေးသည် ၎င်း ဖော်ထုတ် နိုင်ခဲ့သည့် အခု (၆၀)မြောက် မျိုးစိတ်သစ် ပန်းပွင့်လေး ဖြစ်သည်။ အီကွေဒေါ အပါအဝင် တောင် အမေရိကတိုက်သည် သစ်ခွမျိုးစိတ် အလွန် ပေါကြွယ်ဝသည့် ဒေသဖြစ်ပြီး သစ်ခွ မျိုးစိတ်ပေါင်း (၁၀၀၀)ကျော်ကို ပညာရှင်များက ဖော်ထုတ် တွေ့ရှိခဲ့သည်။

ဂျော့က အီကွေဒေါ နိုင်ငံရှိ ဘာနိုတောင် အနီးတွင်ပင် သစ်ခွမျိုးနွယ်ပေါင်း (၂၈)ခုထက် မနည်း ရှိနေကြောင်း ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here