အာဖဂန်သို့ အမေရိကန် တပ်သား၃သောင်း သမ္မတ အိုဘားမား စေလွှတ်ဖွယ် ရှိ

alt

အမေရိကန် သမ္မတ ဘာရက် အိုဘားမား အာဖဂန်နစ္စတန် သို့ ပို့လွှတ် မည့် အမေရိကန် တပ်မများတွင် မရိန်း တပ်များဦးစွာ ဖြစ်လာနိုင်ကြောင်း လေ့လာသူ များက ဆိုကြသည်။

အိုဘားမား သည် အနည်းဆုံး အမေရိကန် စစ်သည်ဦးရေ (၃၀၀၀၀) ကျော်ကို အာဖဂန်သို့ စေလွှတ်ရန် စီစဉ်ထားပြီး ဖြစ်သည်။

အိုဘားမား သည် အာဖဂန်တွင် အမေရိကန် စစ်တပ်များ၏ အခန်း ကဏ္ဍနှင့် ပတ်သက်ပြီး (၉၂) ရက်ကြာ ခြံုငုံသုံးသပ်မှုများ ပြုလုပ်ခဲ့ပြီးနောက် တပ်များ တိုးချဲ့ စေလွှတ်မှုကို အတည်ပြု ကြေညာဖွယ် ရှိနေသည်။ ၎င်းသည် West Point စစ်တက္ကသိုလ်မှ ပညာရှင်များနှင့် မဟာဗျူဟာ ဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် လာမည့် တလအတွင်း မရိန်းတပ်ဖွဲ့ များကို အာဖဂန်သို့ အားဖြည့် စေလွှတ်ဖွယ်ရှိကြောင်း သိရှိရသည်။

အိုဘားမား သည် ခရစ္စမတ် ကာလတွင် မရိန်းတပ်ဖွဲ့ များအား အာဖဂန်တွင် တပ်စွဲစေပြီး (၂၀၁၀) ခုနှစ် အစောပိုင်းတွင်မူ ပိုမို များပြားသည့် တပ်မများကို အားဖြည့် စေလွှတ်နိုင်ကြောင်း သတင်းများက ဆိုသည်။ စစ်ဖက်ဆိုင်ရာ အရာရှိများက အနည်းဆုံး မရိန်းတပ်မ တခုကို အမြန်ဆုံး ပေးပို့နိုင်ကြောင်း သုံးသပ်ထားသည်။

အာဖဂန်တောင်ပိုင်း ဟယ်မန် ဒေသတွင် တာလီဘန်တို့ ဩဇာဆက်လက် ကြီးထွားနေမှုကို ဖြိုခွင်းရန် မရိန်းတပ် များသည် အလွန်အခရာ ကျလာနိုင်ကြောင်း စစ်ဘက် ကျွမ်းကျင်သူများက ဆိုသည်။ အိုဘားမားသည် မူလက အမေရိကန် စစ်သား (၂၁၀၀၀) ကျော် အင်အားဖြည့် ပေးပို့ရန် စီစဉ်ခဲ့သော်လည်း အာဖဂန်ရောက် အမေရိကန် ဗိုလ်ချုပ်များ၏ တောင်းဆိုမှုကြောင့် စစ်သည်အင်အား (၃၅၀၀၀) ကျော် အထိ အားဖြည့် စေလွှတ်ဖွယ် ရှိနေကြောင်း သတင်းများတွင် ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here