သားပိုက်ကောင်၏ ဓာတ်တမျိုး အရေပြား ကင်ဆာအတွက် အကျိုးရှိ

alt

သားပိုက်ကောင် များတွင် တွေ့ရှိ ရသော ဓာတ်တမျိုးသည် အရေပြား ကင်ဆာကို ကုသရာတွင် အကျိုး ရှိကြောင်း ဩစတြေးလျ ပညာရှင် များက ပြောကြားလိုက်သည်။

ဩစတြေးလျ သုတေသီ များသည် သားပိုက်ကောင်တွင် သာရှိပြီး လူသား များတွင် မတွေ့ရသည့် DNA ကို ပြုပြင်နိုင်သည့် အင်ဇိုင်း ဓာတ်တမျိုး အား တွေ့ရှိခဲ့ရသည်။

ယင်း အင်ဇိုင်းသည် အရေပြား ထိခိုက်မှုနှင့် အရေပြား ကင်ဆာတို့ကို ပျောက်ကင်းစေရန် များစွာ အထောက် အကူ ပြုကြောင်း မဲဘုန်း တက္ကသိုလ်မှ ဒေါက်တာလင်ဒါ ဖီကီတီအော့ဗာ က ပြောကြားခဲ့သည်။

၎င်းနှင့် မဲဘုန်း တက္ကသိုလ်မှ သုတေသီ များသည် ယခုလုပ်ငန်း အတွက် ဩစတြီးယား နိုင်ငံ အင်းစဘရု တက္ကသိုလ်မှ ပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက် ခဲ့ကြောင်းလည်း ဒေါက်တာ လင်ဒါက ပြောကြားခဲ့သည်။

ထို အင်ဇိုင်းကို အနှစ်တမျိုးအဖြစ် ထုတ်လုပ်ပြီးနောက် Dream Cream ဟု အမည်ပေးကာ အရေပြား ကင်ဆာ ရောဂါသည်များကို ကုသ ပေးသွားနိုင်ရန် ဒေါက်တာလင်ဒါက မျှော်လင့်နေသည်။ ထို Cream တွင် အရေပြား ကင်ဆာကြောင့် ပျက်စီးသွားသည့် DNA ကို ပြုပြင် ပေးနိုင်သည့် သားပိုက်ကောင် အင်ဇိုင်းများကို စံနစ်တကျ ဖြည့်တင်း ပေးထားမည် ဖြစ်သည်။

ယခုအခါ Cream ကို စမ်းသပ်အဆင့်ဖြင့် သုတေသန ပြုနေပြီး ရလဒ်ကောင်းများ တွေ့ရှိနေကြောင်း ဒေါက်တာလင်ဒါ က ဆိုသည်။ ထို Cream ၏ စွမ်းအင်သတ္တိ အတွက် အပြည့်အဝ အာမခံနိုင်ကြောင်း၊ သို့သော်လည်း လူသားများတွင် အသုံးပြုရန် ဆီလျော်ခြင်း ရှိမရှိကိုမူ လေ့လာရဦးမည် ဖြစ်ကြောင်း ဒေါက်တာလင်ဒါက ရှင်းလင်းပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here