အမေရိကန် သမ္မတဟောင်း ဘီကလင်တန်၏သမီး စေ့စပ်ကြောင်းလမ်း

alt

အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန် ၏ သမီး ချဲလ်ဆီး ကလင်တန် မှာ ယခုအခါ စေ့စပ် လိုက်ပြီ ဖြစ်သည်။ ကလင်တန် မိသားစု သည် ချဲလ်ဆီးနှင့် နှစ်ရှည်လများ တွဲနေသည့် ရင်းနှီးမြှုပ်နှံမှု ဘဏ်

လုပ်ငန်းရှင် မတ်ဂ်မီဇ်ဗင်ဆကီး နှင့် ချဲလ်ဆီးတို့ နိုဝင်ဘာ (၃၀)ရက် နေ့က စေ့စပ် လိုက်သည့် သတင်းအား အတည်ပြုခဲ့သည်။

ချဲလ်ဆီးသည် သူမတို့ စေ့စပ်ကြောင်း လမ်းခြင်း သတင်းကို သူငယ်ချင်း များထံ email ပေးပို့ခဲ့ပြီး လာမည့်နှစ်၊ နွေရာသီတွင် လက်ထပ် ရန် စီစဉ် ထားကြောင်းလည်း အသိပေးခဲ့သည်။

အသက် (၂၉)နှစ်ရှိ ချဲလ်ဆီးသည် သမ္မတဟောင်း ဘီနှင့် ၎င်း၏ဇနီး လက်ရှိ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့၏ တဦးတည်းသော သမီးလည်း ဖြစ်သည်။ မိမိတို့အနေနှင့် သူငယ်ချင်း များအား စေ့စပ်ကြောင်းလမ်း ပြီးချိန်မှ အသိပေးရသည့် အတွက် တောင်းပန်လိုကြောင်း၊ သို့သော်လည်း ယခုသတင်း အတွက် လူတိုင်း ပျော်ရွှင်မည်ဟု မျှော်လင့်ကြောင်း ချဲလ်ဆီးက ပြောကြားခဲ့သည်။

ချဲလ်ဆီးသည် ဖခင်ဖြစ်သူ သမ္မတ ရာထူးကို ထမ်းဆောင်နေစဉ်က အမေရိကန် မီဒီယာများ၏ အာရုံစိုက်ခြင်းကို ခံရသည့် Celebrity တဦးအဖြစ် ရပ်တည်ခဲ့သော်လည်း ကလင်တန် သမ္မတရာထူးကို စွန့်လွှတ်ပြီး နောက်ပိုင်း ချဲလ်ဆီးသည်လည်း လူထုအမြင်တွင် အနည်းငယ် မှေးမှိန်သွားခဲ့သည်။

သို့သော်လည်း (၂၀၀၈)ခုနှစ် အတွင်း မိခင်ဖြစ်သူ သမ္မတ ရွေးကောက်ပွဲ အတွက် မဲဆွယ်မှုများ အတွင်းပါ၀င် ကူညီခဲ့ရာမှ အမေရိကန်လူထု၏ အာရုံစိုက်မှုကို တကျော့ပြန် ရရှိလာခဲ့သည်။ ချဲလ်ဆီးက မိမိနှင့် မတ်ဂ်တို့သည် လွန်ခဲ့သော နွေရာသီက လက်ထပ်ရန် စီစဉ်ခဲ့သော်လည်း မဖြစ်မြောက်ခဲ့ကြောင်း email အတွင်း ရေးသား ဖော်ပြထားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here