အီဂျစ်နိုင်ငံတွင် ခေါင်းနှစ်လုံးပါ ကလေးငယ် မွေးဖွား

alt

အီဂျစ် နိုင်ငံတွင် ခေါင်းနှစ်လုံးနှင့် ကလေးတဦး ဖွားမြင်ကြောင်း သိရှိရသည်။ အီဂျစ် အမျိုးသမီး တဦးသည် ထိုကဲ့သို့ ထူးထူးဆန်းဆန်း ကလေးငယ်ကို ဖွားမြင်ကြောင်း အယ်မာဆီ အလီယွမ် သတင်းစာက ဖော်ပြခဲ့ပြီး

ဆရာဝန် များက ထိုကလေးကို ဆူးအက် တူးမြောင်းရှိ တက္ကသိုလ် ဆေးရုံ တခုတွင် မွေးဖွားခဲ့ခြင်း ဖြစ်ကြောင်း အတည်ပြု ခဲ့သည်။

ဆေးရုံ မန်နေဂျာဖြစ်သူ ဒေါက်တာ ခါလီအလီ က ကလေးငယ်သည် နှလုံးတခုထဲ ပါ၀င်ပြီး ခြေနှစ်ချောင်း၊ လက်နှစ်ချောင်း၊ ခေါင်းနှစ်လုံးဖြင့် မွေးဖွား လာကြောင်း၊ ယင်း ဖြစ်ရပ်မျိုးသည် နိုင်ငံ၏ ဆေးပညာ သမိုင်းကြောင်းတွင် အလွန် ရှားပါးကြောင်း ပြောကြား သွားခဲ့သည်။

ဆရာဝန် များသည် ယင်း ကလေးငယ်အား အီဂျစ်နိုင်ငံ၏ မြို့တော် ကိုင်ရိုသို့ ပို့ဆောင်ကာ အနီးကပ် စောင့်ရှောက်မှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here