အပြောင်းအရွှေ့တွင် ငွေကြေး များများသုံးသင့်ဟု အာဆင်နယ် နောက်ခံလူ ပြောကြား

alt

အာဆင်နယ် အသင်းနည်းပြ အာစင် ၀င်ဂါး အား ဇန်နဝါရီလ အပြောင်းအရွှေ့ ဈေးကွက်တွင် ငွေကြေးများများ သုံးစွဲ သင့်ကြောင်း နောက်ခံလူ ဘာကရီ ဆက်ညာ က တိုက်တွန်း လိုက်သည်။

ပြင်သစ် လက်ရွေးစင် ခံစစ်မှူးက အိမ်ကွင်းတွင် ချဲလ်ဆီးအား (၃-၀) ဖြင့် မရှုမလှ အရေးနိမ့် ခဲ့ပြီးနောက် အသင်းအတွက် အင်အား ဖြည့်တင်း မှုများ မဖြစ်မနေ လိုအပ်နေကြောင်း ထောက်ပြခဲ့သည်။

ဆက်ညာက အသင်း၏ အဓိက ကွင်းလယ်လူ တိုမက်ရိုဆစ်စကီး မှာ ဒဏ်ရာ ကြောင့် ကာလကြာမြင့်စွာ နားနေရသလို ဟော်လန် တိုက်စစ်မှူး ရော်ဘင် ဗန်ပါစီ လည်း (၅)လ ထပ်နားရမည် ဖြစ်သောကြောင့် ကစားသမား ကောင်းများ ၀ယ်ယူရန် ၀င်ဂါး အား တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

အာဆင်နယ် သည် ယခုအခါ အမှတ်ပေးဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်နေသည့် ချဲလ်ဆီး နှင့် (၁၁)မှတ်ကွာသည့် အခြေအနေနှင့် တွေ့ကြံု နေရသည်။ ၀င်ဂါးသည် လူငယ်စီမံကိန်းကို အလေးထားသူဖြစ်ပြီး အပြောင်းအရွှေ့ ဈေးကွက်တွင် ငွေကြေး အမြောက်အမြား သုံးစွဲရန် လက်ရွံ့ နေလေ့ရှိသူ ဖြစ်သည်။

ဆက်ညာက ယခု အနေအထား အတိုင်း ဆက်သွားနေပါက အသင်းအတွက် ဖိအားများ ကြံုလာရမည်ကို စိုးရိမ်နေခဲ့သည်။ ချဲလ်ဆီးနှင့် အာဆင်နယ် တို့သည် အသင်းကြီးများ ဖြစ်သော်လည်း ကစားသမား အင်အား ကွာဟမှုကို ယခုပွဲက အထင်းသား သက်သေပြခဲ့ကြောင်း ဆက်ညာက ဖြည့်စွက်ပြောဆို သွားခဲ့သည်။

အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် FA သည် ယင်းပွဲအတွင်း ချဲလ်ဆီး အလယ်တန်းလူ ဖရန့်လမ်းပတ် အား ကင်မရာတလုံးဖြင့် ပစ်ပေါက် ခံခဲ့ရမှု အား စုံစမ်းမှုများ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here