အမေရိကန် ရဲအရာရှိ၄ဦး သတ်ဖြတ်ခံရမှု မင်္သကာဖွယ် ပုဂ္ဂိုလ်အားဖမ်းဆီး

alt

နိုဝင်ဘာလ (၂၈)ရက် နေ့က အမေရိကား တွင် ရဲအရာရှိ (၄)ဦး သတ်ဖြတ် ခံရမှုအတွက် ဒုစရိုက် မှတ်တမ်း ဟောင်းများ ရှိသည့် မသင်္ကာ စရာ ပုဂ္ဂိုလ် တဦးကို ရဲများက ဖမ်းဆီး ထားလိုက်ကြောင်း သိရှိရသည်။

၀ါရှင်တန် ပြည်နယ်ရှိ ကဖေးဆိုင် တခုတွင် ရဲအရာရှိ (၄)ဦးအား လူတဦး က သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ် လိုက်ပြီးနောက် ရဲများသည် ယင်း အမှုအား အာရုံစိုက် ကိုင်တွယ် နေကြသည်။

အသက် (၃၇)နှစ် အရွယ် မော်ရစ်ကလီမော် သည် အမျိုးသမီးတဦး ပါ၀င်သည့် ရဲအရာရှိ (၄)ဦးအား သတ်ဖြတ်ခဲ့သည်ဟု ယုံကြည်ရသော အထောက် အထားများ ရှိနေကြောင်း ပြောကြား ခဲ့သော်လည်း ခိုင်ခိုင်မာမာ သက်သေ မပြနိုင်ကြောင်း ၀န်ခံ ခဲ့ကြသည်။

သို့သော်လည်း ကလီမော်သည် အခင်း ဖြစ်ပွားစဉ်က အရာရှိများ သတ်ဖြတ်ခံရသည့် ကဖေးဆိုင် အနီးတွင် ရှိနေသည်ဟု ရဲတပ်ဖွဲ့က ယုံကြည် နေကြသည်။ ၎င်းသည် ခိုးမှုနှင့် ဓားပြမှုများ ကျူးလွန်ခဲ့သည့် မှတ်တမ်းဟောင်း ရှိနေပြီး နိုဝင်ဘာလလယ် ကမှ ထောင်က လွတ်လာသူ ဖြစ်သည်။ နိုဝင်ဘာ (၂၈)ရက် နေ့က အမျိုးသားတဦး ဆိုင်ထဲသို့ ၀င်လာပြီး ရဲ(၄)ဦးကို ပစ်ခတ်ခဲ့ခြင်းအား ဆိုင်အမှုထမ်းများနှင့် ဆိုင်ထဲတွင် လာရောက် စားသောက်နေသူ တဦးတို့က တွေ့လိုက်ရသော်လည်း အံ့ဩ ထိတ်လန့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ကြည့်နေခဲ့ကြသည်။

နောက်တနေ့ ညတွင်မူ ရဲအထူး တပ်ဖွဲ့ဝင်များသည် ကလီမော်၏ အိမ်ကို ၀န်းရံပြီး မသင်္ကာသူအား ဖမ်းဆီးခဲ့သည်။ အခင်းဖြစ်ရာ နေရာကို လေ့လာပြီးနောက် ရဲတဦးသည် တရားခံအား ဒဏ်ရာရအောင် ပြန်လည် ပစ်ခတ်လိုက်နိုင်သည်ဟု ယုံကြည်ရကြောင်း ထောက်လှမ်းရေးများက ဆိုသည်။

သတင်းများအရ ကလီမော်၏ အိမ်အနီးတွင် နေထိုင်သော အမျိုးသမီးကြီး တဦးက ရဲတပ်ဖွဲ့အား ဒဏ်ရာ ရလာဟန်တူသော လူတဦးသည် ထိုအိမ်ထဲတွင် ပုန်းအောင်းနေသည်ကို မိမိ သတိပြုမိကြောင်း ဖုန်းဆက် သတင်းပေးရာမှ ရဲများက ကလီမော် အား ၀င်ရောက် ဖမ်းဆီးခဲ့ခြင်းဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here