တုပ်ကွေး ကာကွယ်ဆေး ခံနိုင်ရည်ရှိသည့် A/H1N1 မျိုးကွဲတခု တွေ့ရှိ

alt

တုပ်ကွေး ကာကွယ်ဆေး Tamiflu ကို ခံနိုင်ရည် ရှိနေသည့် A/H1N1 တုပ်ကွေး မျိုးကွဲတခုကို တောင် ကိုရီးယားနိုင်ငံ အတွင်း ပထမဆုံး အကြိမ် ဖော်ထုတ်နိုင်ခဲ့သည်။ ကမာ္ဘ ကျော် Tamiflu သည် တုပ်ကွေးကို

ဟန့်တားရာတွင် အပြည့်အဝ စိတ်ချ ရဆဲ ဖြစ်ကြောင်း ကမာ္ဘ့ ကျန်းမာရေး အဖွဲ့ကြီး (WHO) က ပြီးခဲ့သည့် သီတင်းပါတ် အတွင်း အာမခံချက် ပေးခဲ့သော်လည်း တောင် ကိုရီးယား က မျိုးကွဲဗိုင်းရပ်စ် အသစ်ကို တွေ့ရှိပြီး နောက် ယင်းဆေးဝါး၏ အာနိသင်နှင့် ပတ်သက်ပြီး မေးခွန်း ထုတ်စရာများ ကြံုလာရပြီ ဖြစ်သည်။

တောင် ကိုရီးယား ကျန်းမာရေး ၀န်ကြီး ဌာနက ၎င်းတို့သည် (၅)နှစ် အရွယ် ယောက်ျားလေး တဦး ဖြစ်ပွားနေသည့် တုပ်ကွေးသည် Tamiflu ကို အပြည့်အဝ ခုခံနိုင်ကြောင်း ဖော်ပြ ခဲ့ကြသည်။ အခြားသော တုပ်ကွေး ကာကွယ်ဆေး တမျိုးဖြစ်သည့် Relenza သည် ထိုမျိုးကွဲ ဗိုင်းရပ်စ်ကို သုတ်သင် နိုင်သော်လည်း ကလေးငယ်မှာ Relenza ဆေးဝါး ဖြည့်တင်းပေးရန် ငယ်လွန်းသေးကြောင်း ၀န်ကြီးဌာနက ကြေညာသည်။

WHO ၏ အဆိုအရ Tamiflu ကို တုန့်ပြန်နိုင်သည့် မျိုးကွဲသစ် တုပ်ကွေး ဗိုင်းရပ်စ်များ တွေ့ရှိမှုမှာ (၇၅)ခု အထိ ရှိခဲ့ပြီး တောင်ကိုရီးယားတွင် ယခုတကြိမ် ပထမဆုံး တွေ့ရှိခြင်းဟု သိရှိရသည်။ ဆရာဝန်များက ၎င်းတို့သည် Tamiflu ပထမအသုတ် ထိုးပေးပြီးသော်လည်း ကလေးငယ်အတွက် ထိရောက်သော သက်သာမှုမျိုး မတွေ့ရသဖြင့် စစ်ဆေးကြည့်ရာ ရောဂါပိုးက ယင်းဆေးဝါးကို အပြည့်အဝ ဟန့်တားနိုင်ကြောင်း တွေ့ရှိခဲ့ရသည်ဟု ပြောကြားလိုက်သည်။

တောင်ကိုရီးယားနိုင်ငံတွင် A/H1N1 ကြောင့် သေဆုံးသူ အရေအတွက်မှာ အနည်းဆုံး (၁၀၄)ဦး အထိ ရှိနေကြောင်း သတင်းများအရ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here