ဗြိတိန်နိုင်ငံသား တဦးအား သတ်ဖြတ်မှုဖြင့် မြန်မာ အမျိုးသားများ ထိုင်းနိုင်ငံတွင် ထောင်ဒဏ်ချမှတ်ခံရ

alt

ဗြိတိန် နိုင်ငံသား ရွက်လှေစီး ခရီးသည် တဦးအား သတ်ဖြတ်ခဲ့မှုဖြင့် မြန်မာ လူမျိုး ဆယ်ကျော်သက် အမျိုးသား (၃)ဦးကို ထိုင်းနိုင်ငံက ထောင်ဒဏ် နှစ်ရှည်လများ ချမှတ်လိုက်ကြောင်း သိရှိရသည်။

၎င်းတို့သည် ထိုင်းနိုင်ငံ ကမ်းလွန် ပင်လယ်ပြင်တွင် ယင်းဗြိတိသျှ လူမျိုးအား သတ်ဖြတ် ခဲ့ခြင်းဟု ထိုင်း တရားရုံးက စွပ်စွဲ အမှုစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ထိုင်း တရားရုံးက ယင်း မြန်မာ ဆယ်ကျော်သက် (၃)ဦးအား ပင်လယ်ဓားပြ များဟု စွဲချက် တင်ထားပြီး မတ်လ အတွင်းက မယ်လ်ကွန် ရောဘတ်ဆင်၏ ဇိမ်ခံရွက်လှေ Mr Bean ကို အပိုင်စီးခဲ့ကာ ရောဘတ်ဆင် ကိုလည်း သတ်ပစ်ခဲ့ကြောင်း ပြောကြား သွားခဲ့သည်။

ထိုင်း တံငါသည် များသည် ရွက်လှေ အပိုင်စီးမှု ဖြစ်ပွားပြီး တပါတ်အကြာတွင် ရောဘတ်ဆင်၏ အလောင်းကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ထိုင်းအမည် ခံယူထားသော ထိုင်းနိုင်ငံဖွား အသက်(၁၉)နှစ် အရွယ် မြန်မာ ဆယ်ကျော်သက် အိကဆန် ၀ါရာပွန်၊ အသက် (၁၈)နှစ် အရွယ် အောင်းဝ် နှင့် အသက် (၁၇)နှစ်အရွယ် ကို တို့အား နိုဝင်ဘာ (၂၉)ရက် နေ့က ထောင်ဒဏ် (၂၅)နှစ်စီ ချမှတ်လိုက်ကြောင်း တရားရုံးက ကြေညာသည်။

ရောဘတ်ဆင် အသတ်ခံရစဉ်က လှေပေါ်တွင် ရှိနေပြီး ကြိုးဖြင့် တုပ်နှောင်ကာ ပစ်ထားခြင်း ခံရသည့် ဇနီးဖြစ်သူ လင်ဒါရောဘတ်ဆင် က မိမိအနေနှင့် မယ်လ်ကွန်၏ သေဆုံးမှုအတွက် သင့်လျော်သော ပြစ်ဒဏ်ကို တရားခံများအား ချမှတ်လိုက်နိုင်ခြင်း အတွက် ကျေနပ်ကြောင်း၊ ယင်း တရားခံ (၃)ဦး တို့သည် (၂၅)နှစ်တာ ကာလအတွင်း ထောင်ထဲတွင် နေထိုင်ရင်း ၎င်းတို့၏ ရာဇဝတ်မှု အတွက် နောင်တ အသိတရား ရလာမည်ဟု မျှော်လင့်ကြောင်း သတင်းထောက် များအား ပြောကြားသွားသည်။

တရားရုံး ပြင်ပ၌  အကျဉ်းသား အိကဆန် ၀ါရာပွန်မှ ထိုင်းဘာသာ စကားဖြင့် နိုင်ငံခြားသားတွေကို သူတို့ တူနဲ့ ရိုက်သတ် မိပါတယ်။ ဒီအတွက်  အခုမှ အလွန်ပဲ ကြေကွဲ ဝမ်းနည်းမိကြောင်း လင်ဒါအား ပြောပေးပါဟု ဆိုသည်၊ ထိုလူငယ်လေးများမှာ ထိုင်းရေပြင်ရှိ ငါးဖမ်းလှေများ၌ ရောင်းစားခံရသော မြန်မာ လူငယ်လေးများ ဖြစ်ကြသည်ဟု ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here