မန်ယူအသင်း အံ့အားသင့်ဖွယ် ကစားသမား ကမ်းလှမ်းမှု ပြုလုပ်ဖွယ်ရှိ

alt

မန်ချက်စတာ ယူနိုက်တက်နှင့် အံ့အား သင့်ဖွယ် အကောင်းဆုံး ကမ်းလှမ်းမှု အဖြစ် အခါးသီးဆုံး မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးမှ အင်္ဂလန် လက်ရွေးစင် နောက်ခံလူ မီကာ ရစ်ချတ် ကို ကမ်းလှမ်းဖွယ် ရှိကြောင်း

အင်္ဂလန် အားကစား သတင်းများတွင် ဖော်ပြခဲ့ကြသည်။

အသက် (၂၁)နှစ် အရွယ် ရစ်ချတ်သည် နောက်ခံ အလယ်လူနှင့် ညာအစွန်လူ နေရာများတွင် အကောင်းဆုံး ကစား တတ်သူ ဖြစ်သော်လည်း လက်ရှိ အချိန်တွင် ကိုလိုတိုရေး၊ ဂျိုအန် လက်စကော့ စသည့် နောက်တန်းလူများ ရောက်ရှိ လာခြင်းကြောင့် စီးတီးတွင် နေရာမရ ဖြစ်နေသည်။

ယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်သည် အသင်းမှ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သည့် ညာနောက်ခံလူ ဂယ်ရီနဗီးလ် နေရာတွင် ရေရှည် အစားထိုးရန် ရစ်ချတ်အား စိတ်ဝင်စားနေကြောင်း သိရှိရသည်။

စီးတီးတွင် အာဂျင်တီးနား လက်ရွေးစင် ပက်ဘလို ဇာလာရက်တာ က ညာ နောက်ခံလူနေရာတွင် ခြေစွမ်းပြနေရာ ရစ်ချတ်သည် အရံခုံတွင် အထိုင်များနေသဖြင့် မပျော်မရွှင် ဖြစ်နေကြောင်း သိရသည်။ သတင်းများက ရစ်ချတ်အား တော့တင်ဟမ် ဟော့စပါး နှင့် အက်စတွန်ဗီလာ အသင်းများကလည်း ဆက်သွယ်နေကြောင်း ဖော်ပြထားသည်။

နဗီးလ်သည် ယခုနှစ်ကုန်တွင် အနားယူရန် စီစဉ်ထားသလို ၀က်စ်ဘရောင်း မှာလည်း ကြံ့ခိုင်မှု အပြည့်အဝ ရရှိရန် ရုန်းကန်နေရခြင်း၊ ဘရာဇီး နောက်ခံလူ ရာဖေးဒါဆေးဗား မှာလည်း အတွေ့အကြံု နုနယ် လွန်းသေးခြင်းစသည့် အခြေအနေများကြောင့် ဖာဂူဆန်သည် ညာနောက်ခံလူ တဦးအား ရှာဖွေနေရခြင်း ဖြစ်သည်။

ရစ်ချတ် သည် ပရီးမီးယားလိဂ်တွင် (၁၀၇)ပွဲ ကစားဖူးပြီး စီးတီးနှင့် (၂၀၁၃) ခုနှစ်အထိ သက်တမ်းရှိသည့် စာချုပ်ကို ချုပ်ဆိုထားကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here