YouTube ကြည့်ရှုနိုင်မည့် တရားဝင် ချာနယ် အီရတ် အစိုးရလွှင့်တင်

alt

အီရတ် အစိုးရသည် ကမာ္ဘကျော် YouTube ၀ဘ်ဆိုဒ်မှ ဗီဒီယိုများကို ကြည့်ရှုနိုင်မည့် တရားဝင် Channel တခုကို ပြီးခဲ့သည့် သီတင်းပါတ်က စတင် လွှင့်ထုတ်ခဲ့သည်။

Google ပိုင် ၀ဘ်ဆိုဒ်မှ ဗီဒီယိုများ အီရတ်တွင် Channel တခုဖြင့် ပြသရေးကို Goole ၏ CEO အဲရစ်ရှမစ် ဘဂ္ဂဒက်မြို့တော်သို့ လာရောက် လည်ပတ်ချိန်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။

အီရတ် ၀န်ကြီးချုပ် နူရီအယ်မီလီကီ က YouTube Channel သည် မိမိတို့ အစိုးရ အဖွဲ့၏ လုပ်ဆောင်မှုများအား ကမာ္ဘသို့ အစီရင်ခံ တင်ပြပေးမည်ဟု ယုံကြည်ကြောင်း ပြောဆို သွားခဲ့သည်။

ကမာ္ဘ့ နိုင်ငံများသည် အီရတ် အစိုးရ၏ နိုင်ငံ လုံခြံုရေးအတွက် မော်ကွန်းဝင် ဆောင်ရွက်ချက်များကို သိရှိနိုင်ရန် မလွယ်ကူကြောင်း၊ မိမိတို့၏ လုံခြံုရေး၊ စီးပွားရေး၊ နိုင်ငံရေး နှင့် ဒီမိုကရေစီ အရေး ဆောင်ရွက်ချက် များကို YouTube ၏ အကူအညီဖြင့် ကမာ္ဘသိ ဆောင်ရွက်နိုင်တော့မည် ဖြစ်ရာ အလွန် စိတ်လှုပ်ရှား မိကြောင်း မီလီကီက Channel ဖွင့်လှစ်စဉ် အမှတ်တရ စကား ပြောကြား သွားခဲ့သည်။

YouTube Channel ကို ကြည့်ရှုသူများသည် အီရတ်နိုင်ငံ၏ ကြီးကျယ်ခမ်းနားမှုနှင့် သဘာဝ အလှအပများ၊ တိုင်းပြည်ကို တည်ဆောက်ခဲ့သော သမိုင်းကြောင်းများကို ခံစား သိရှိနိုင်မည်ဟုလည်း မီလီကီက ဆိုသည်။ Channel ဖွင့်ပွဲကို အီရတ် အမျိုးသား ပြတိုက်တွင် ပြုလုပ်ခဲ့ရာ Google ၏ CEO ရှမစ်က Presentation တခုပြသ သွားခဲ့သည်။

အင်တာနက် အသုံးပြုသူများသည် ယင်း Channel သို့ ၀င်ရောက်ရန် youtube.com/iraqigov မှတဆင့် Log in လုပ်ကာ ကြည့်ရှု နိုင်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here