2012 ဇာတ်ကား ရုရှားတွင်လည်း အကြီးအကျယ် အောင်မြင်နေ

alt

ဟောလီးဝုဒ်ကို ကိုင်လှုပ်ခဲ့သော 2012 ရုပ်ရှင်ဇာတ်ကား သည် ရုရှားနိုင်ငံ တွင်လည်း အကြီးအကျယ် အောင်မြင် မှုများ ရရှိခဲ့ပြီး စံချိန်သစ်များ တင်နိုင် ခဲ့ကြောင်း သိရှိရသည်။

ကမာ္ဘ ပျက်သောနေ့ကို စိတ်ကူးယဉ် ရိုက်ကူးထားသည့် ဇာတ်လမ်းသည် ပြီးခဲ့သည့် ရုရှားတွင် ရုံတင်ခဲ့ရာ သမိုင်းတလျှောက် နိုင်ငံခြား ဇာတ်ကား များအနက် ငွေကြေး အများဆုံး ရရှိသည့် ဇာတ်ကားအဖြစ် မှတ်တမ်း တင်နိုင်ခဲ့သည်။

ဒါရိုက်တာ ရိုလန်အမ်းမရစ် ၏ သဘာဝ ဘေးအန္တရာယ်ကြီးများ အစုလိုက် အပြံုလိုက် ကျရောက် လာမှုကို ဖော်ကြူး ထားသည့် ဇာတ်လမ်းသည် ရုရှားတွင် နှစ်ပါတ်အတွင်း ဒေါ်လာသန်း (၃၀) အထိ ရရှိခဲ့သည်။

ထို ဇာတ်ကားသည် စတင် ရုံတင်သည့် နှစ်ရက်အတွင်း ဒေါ်လာ (၁၂)သန်း အထိ ရုံဝင်ကြေး ရရှိခဲ့ကြောင်း သိရသည်။ ယင်း ပမာဏသည် ရုရှားဘာသာ စကားပြော ရုပ်ရှင်မဟုတ်သည့် ဇာတ်ကားများ အတွက် သမိုင်းဝင် ငွေကြေး ပမာဏလည်း ဖြစ်လာခဲ့ချေသည်။

2012 သည် အမေရိက တိုက်တွင် ရုံတင်ပြသစဉ် ကလည်း ၀င်ငွေ အကောင်းဆုံး နံပါတ်(၁) အဖြစ် ရပ်တည်နိုင်ခဲ့ပြီး ဗြိတိန်၏ ရုံဝင်ကြေး အများဆုံး ရရှိသည့် ဇာတ်ကားများ စာရင်းတွင်လည်း ထိပ်ဆုံးမှ နေရာ ယူနိုင်ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here