ယူအေအီးမှာ အခြေစိုက်ပြီး ထိုင်းနိုင်ငံရေး လှည့်ကွက်တွေ မလုပ်ဖို့ သက်ဆင်ကို တားမြစ်ပြီ

alt

အာရပ်စော်ဘွားများ ပြည်ထောင်စုက ထိုင်းပြည်ပြေး ဝန်ကြီးချုပ် ဟောင်း တက်ဆင် ရှင်နာဝထ္တရာ အား မိမိတို့ နိုင်ငံအတွင်း အခြေစိုက် နေထိုင်ပြီး ထိုင်း အစိုးရအား နိုင်ငံရေးအရ

တိုက်ခိုက်မှု ပြုလုပ်ပါက နိုင်ငံတွင်းမှ ထွက်ခွာသွားပါရန် ပန်ကြား လိုက်သည် ဟု ထိုင်း ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ပန်နစ် ဝီခစ်ဆက် မှ ယမန်နေ့က ထပ်ဆင့် ပြောကြား လိုက်သည်။

ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနသို့ ယူအေအီး နိုင်ငံ၏ အကြောင်းကြားချက် အရ ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် မိမိတို့ နိုင်ငံအား အခြေစိုက်ပြီး သူ့အား ထောက်ခံနေသူ များနှင့်  အခြေပြုကာ ထိုင်းဘုရင့် အတိုင်ပင်ခံ ကောင်စီ၊ ထိုင်းနိုင်ငံ တို့အား ကသောင်းကနင်း ဖြစ်အောင် ပြုလုပ်နေမှုများ နောက်ထပ် တွေ့ရှိရပါက ယူအေအီး နိုင်ငံအတွင်းမှ အလျှင်အမြန် စွန့်ခွာထွက်သွား စေရမည်ဟု ယူအေအီး နိုင်ငံမှ  မစ္စတာ ပန်နစ်အား ပြောဆိုလိုက်သည်။

ယူအေအီး နိုင်ငံမှာ မစ္စတာသက်ဆင် အား ယူအေအီး နိုင်ငံအတွင်း စီးပွားရေးသမား တနည်းမဟုတ် သာမန်အရပ်သား တဦး အနေနှင့်သာ နေထိုင်ရန် လက်ခံခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ မစ္စတာသက်ဆင် မှာ ၂၀၀၆ ခုနှစ်တွင် အကျင့်ပျက် လာဒ်စားမှုဖြင့် အာဏာသိမ်းခြင်း ခံရသည့် ပြည်ပတွင် နေထိုင်သော ထိုင်း ဝန်ကြီးချုပ်ဟောင်း တဦး ဖြစ်ပြီး သူ၏ နိုင်ငံသို့ ပြန်ပါက တရားစွဲဆိုခြင်း ခံရမည့်သူ ဖြစ်သည်ဟု ဆိုသည်။

ယခင်နှစ် အောက်တိုဘာလက သူ၏တိုင်းပြည်သို့ ပြန်သွားခဲ့ပြီး ထိုင်း ဗဟိုတရား ရုံးချုပ်မှ အကျင့် ပျက်ချစားမှု ဖြင့်ထောင်ဒဏ် ၂နှစ် ချမှတ်ထားစဉ် သန်းနှင့်ချီသော ထိုင်းငွေများ အာမခံ ငွေအပေါင်ထားကာ ဂျပန်နိုင်ငံ တက္ကသိုလ်တခုမှ ဖိတ်ကြားချက်အရ သွားရောက်စဉ် ပြည်တော် မပြန်တော့ပဲ ထွက်ပြေး တိမ်းရှောင်နေသူ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here