ကား အက်ဆီးဒင့်အမှု ဖြေဆိုရန် တိုင်းဂါးဝုဒ် ငြင်းဆန်ထား

alt

ကမာ္ဘကျော် ဂေါက်သီးချန်ပီယံ တိုင်းဂါး ဝုဒ် ( အသက် – ၃၃နှစ် ) ဟာ သောကြာနေ့ မနက်အစောပိုင်း ၂ နာရီ ၂၅မိနစ်မှာ သူနေထိုင်တဲ့ ဖရော်ရီဒါ အော်လန်ဒို အနီးက ဝင်ဒါမီယာ အရပ်ကနေ ၂၀၀၉ ကဲဒီလက် SUV

ကားနဲ့ အပြင်အသွား Deacon Circle ဟိုင်းဝေးမှာ ကားအက်ဆီးဒင့် ဖြစ်ပြီး လမ်းဘေးမှ မီးသတ်ရေပိုက်ခေါင်း နှင့် တိုက်ကာ ထပ်ဆင့်သစ်ပင်နှင့် ဝင်တိုက်မိတယ်လို့ အခင်းဖြစ်ပွားပြီး ၁၂နာရီကျော်ကြာမှ Isleworth ဟိုင်းဝေး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန် လိုက်သည်။

ဝင်ဒါမီယာ ရဲမှူးကြီး ဒယ်နီရယ်ဆေလာ ပြောကြားတာ ကတော့ အခင်း ဖြစ်ပွားပြီး ကားထဲ ပိတ်မိနေတဲ့ တိုင်းဂါးဝုဒ်ကို သူ၏ဇနီး အီလဲန်နော့ဂျ်ရန်း ( ယခင် ဆွီဒစ်ချ် မော်ဒယ်လ်ဟောင်း ) က ကားထဲက တိုင်းဂါးဝုဒ်ကို ဂေါက်တံနှင့် မှန်ရိုက်ခွဲပြီး ဆွဲထုတ် ကယ်ဆယ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဝုဒ်ဟာ မျက်နှာနဲ့ နှုတ်ခမ်းတွေမှာ ဒဏ်ရာတွေ ရရှိထားပြီး၊ အခင်း ဖြစ်ပွားချိန်မှာ အရက်သောက်ထားခြင်း မရှိဖူးလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဒဏ်ရာ အသေးအဖွဲလောက်တာ ရရှိတာမို့ Ocoee ဗဟိုဆေးရုံကနေ ဆင်းသွားပါပြီ၊ နောက်ဆက်တွဲ ပြဿနာ ကတော့ ကျေးဇူးတော်နေ့ အားလပ်ချိန် ရက်ရှည် ရထားကြတဲ့ အမေရိကန် ပြည်သူတွေက ဒီသတင်းကို ရဲက ဘာလို့ နောက်ကျမှ ထုတ်ပြန်သလဲ? မနက် အစောကြီး တိုင်းဂါးဝုဒ် ဟိုင်းဝေးမှာ ဘာလုပ်နေလဲ သို့လော၊ သို့လော နောက်ဆက်တွဲ မေးခွန်းတွေ ထွက်ပေါ် လာပါတယ်။

ယနေ့ညနေ အထိ တိုင်းဂါးဝုဒ်က မီဒီယာများနှင့် တွေ့ဆုံ ဖြေကြားဖို့ ငြင်းဆန်ထားသည် ကို သိရှိရသည်။ ဟောလီးဝုဒ် သတင်းများ အရတော့ တိုင်းဂါးဝုဒ်ဟာ ရေချယ် ယူချီတယ် ဆိုသူနှင့် ငြိနေသည်ဟု ဆိုကာ ဇနီးဖြစ်သူနှင့် အချင်းများကြသည်ဟု ဆိုပြီး အမည် မဖေါ်လိုသော တိုင်းဂါးဝုဒ် သူငယ်ချင်း တဦးမှ ပြောပြချက်အရ ဝုဒ်ကျနော်ကို ပြောပြတာ အခုမီဒီယာမှာ ဖြေထားတာတွေနဲ့ တခြားစီ ဖြစ်နေတယ်။

သောကြာနေ့ ည ၂နာရီလောက်မှာ ဝုဒ်ဇနီး အီလဲန်နော့ဂျ်ရန်းက ဒစ္စကို သွားချင်တယ် ပြောပြီးရန်ရှာတယ်၊ ပြီးတော့ ရန်ဖြစ်တော့ ဝုဒ်မျက်နှာကို ကုတ်ခြစ်တယ်၊ ဒီတော့ ဝုဒ်က ကားနဲ့ ရှောင်ပြေးဖို့ လုပ်တော့ ကားမှန်ကို ဂေါက်တုတ်နဲ့ သူအယင် ရိုက်ခွဲထားတာ၊ လမ်းဘေး မီးသတ်ပိုက်ခေါင်း ကတော့ တိုင်းဂါးဝုဒ် ကိုယ်တိုင် ပြေးလွှားယင်း တိုက်မိတာ မှန်ပါတယ်ဟု ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here