ဝင်းဒိုးဆဲဗင်း ရောင်းချမှု Mac OS X ဈေးကွက်ထက် သာလွန်နေ

alt

လွန်ခဲ့သော လများဆီက ကွန်ပြူတာ ဈေးကွက်ထဲသို့ တိုးဝင်လာသော ဝင်းဒိုး ဆဲဗင်းမှာ ယခင် အပါတ်ကပင် ၅ ရာခိုင်နှုန်း အသာဖြင့် Apple ၏ Mac OS X ကို ယာယီ ဖြတ်ကျော်လျှက် ရှိသည်ဟု ဝဘ် တိုင်းတာမှု စောင့်ကြည့်

ရေးအဖွဲ့မှ ယနေ့ပြောကြား လိုက်သည်။

ယခင် သီတင်းပါတ် အကုန်ရက်များ ကတည်းကပင် ၅ % မှ ၅.၁၄% အထိ တိုးမြင့် လာသည်ဟု ဆိုသည်။ ယခု ထွက်ရှိသော ဝင်းဒိုးဆဲဗင်း၏ ဆွဲဆောင်မှုမှာ လုံခြံုမှု အထူး ကောင်းမွန်သည်ဟု နာမည်ကျော်ခြင်း ပင်ဖြစ်သည်။

မိုက္ကရိုဆော့ဖ်မှာ ယခင်က အက်ပဲလ်၏ Mac OS X အနောက်မှ ၄.၁၅% ရာခိုင်နှုန်းဖြင့် နောက်က လိုက်နေရာမှ ယခုကဲ့သို့ ဝေစု ထိုးတက်လာခြင်း ဖြစ်သည်။ ဝင်းဒိုးစံနစ်မှာ ကွန်ပြူတာသုံး အော်ပရေးရှင်း စံနစ်အားလုံး၏ ဈေးကွက် ၉၂.၆၄% ချုပ်ကိုင် ထားသည်ဟု သိရှိရသည်။

ကမာ္ဘနှင့်အဝှမ်း ဝင်းဒိုးဆဲဗင်း ပထမဆုံးနေ့ ရောင်းချမှုမှာ ဝင်းဒိုး ဗီစတာထက် အဆ ၂၀၀ ကျော်သာသည်ဟု သိရှိရသည်။ မိုက္ကရိုဆော့ အမှုဆောင် အရာရှိချုပ် စတိဗ်ဘောမာ မှလည်း ဝင်းဒိုး ဆဲဗင်း၏ စတော့ဈေးကွက် ရှယ်ယာများလည်း ၂ဆတိုး ရောင်းချ နေရသည်ဟု ထပ်လောင်း ပြောဆိုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here